အာကာသသုတေသီများက အာကာသတွင်းနက်Black Hole အစစ်အမှန်ကို ရှာဖွေတွေ့ရှိ

ဧပြီလ ၁၀ရက် ဗုဒ္ဓဟူးနေ့တွင် Radboud တက္ကသိုလ်ရှိ ပါမောက္ခ Heino Falcke နှင့် သုတေသီအဖွဲ့ဟာ ကမ္ဘာ့ပထမဦးဆုံး အကာသတွင်းနက် Black Hole ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ Black Hole ကိုရှာဖွေ ဖို့ရန် အတွက် သူတို့ဟာ Telescope (၈)လုံးကို ချိတ်ဆက်ပြီးအသုံးပြုတဲ့ နည်းပညာဖြင့် Event Horizon Telescope (EHT) လို့ခေါ်တဲ့ အာကာသကြည့် မှန်ပြောင်းကိုတည်ထွင်ခဲ့တယ်လို့သိရပါတယ်။

Black Hole ဟာ လက်ရှိ တိုင်းတာထားချက်အရ ၄၀ ဘီလီယံ ကီလိုမီတာ အရွယ်အစားရှိကာ ကမ္ဘာထက် အဆပေါင်း ၃ သန်း ပိုကြီးပြီး ကမ္ဘာမြေမှ ၅၀၀ မီလီယံ ထရီလီယံ ကီလိုမီတာ( million trillion km )အကွာအဝေးတွင် တည်ရှိကြောင်း သိရပါတယ်။ သိပ္ပံ ပညာရှင်များကတော့ Black Hole ကို “a monster” လို့တင်စားထားကြပါတယ်။ ၎င်း Black Hole ကြီး တည် ရှိနေတဲ့ galaxy ကိုတော့ M87 လို့ခေါ်ပါတယ်။ Black Hole ကြီးဟာ ကျွန်တော်တို့ Solar System တစ်ခုလုံးမှာ အကြီးဆုံးဖြစ်ပြီး နေထက် အဆပေါင်း ၆.၅ ဘီလီယံ ပိုကြီးကြောင်း ပါမောက္ခ Heino Falcke ပြောပြချက် အရ သိရပါတယ်။

Black Hole ကြီးရဲ့ ဘေးမှာ အလွန်တောက်ပပြီး ပူပြင်းတဲ့ ဓာတ်ငွေတွေဝန်းရံနေပြီး ၎င်းဓာတ်ငွေ့တွေဟာ အလည် တည့်တည့်ရှိ အမဲရောင် အပေါက်ကြီးထဲကို ဆက်တိုက်ဝင်နေတာကို တွေ့ရပါတယ်။ ၎င်းဓာတ်ငွေ့ရဲ့ အလင်း ရောင်ဟာ galaxy ထဲမှာရှိတဲ့ ကြယ်ပေါင်း သန်း ၁ထောင်ကစုပြီးထွက်လာတဲ့ အလင်းထက် ပိုလင်းကြောင်း သုတေ သီများ၏ပြောပြချက်အရသိရပါတယ်။ Black Hole ကြီးရဲ့ အလည်တည့်တည့်မှာ အလွန်ပြင်းတဲ့ ဆွဲအားကြီးတစ်ခု ရှိ နေပြီး ၎င်းအနားမှာ ရှိတဲ့အရာတွေအားလုံးကို စုပ်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း မသေခင်ကတည်းက galaxy ထဲမှာ Black Hole ကြီးရှိကြောင်း ၎င်း Black Hole ကြီးဟာ galaxy တစ်ခုနှင့် တစ်ခုဆက်သွယ် ထားတဲ့လှိုင်ဂူကြီးဖြစ်ကြောင်း၊ Black Hole ကြီးဟာ Time Travel နဲ့ ဆက်စပ်နေကြောင်းပြောကြားခဲ့ပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် Einstein ရဲ့ Black Hole ကြီးရှိတယ် ဆိုတဲ့ အရာကတော့ မှန်ကန်သွားပြီးဖြစ်ပါတယ်။ ကျန်တဲ့ စကားများဟာလည်း မှန် မမှန်ကို သိပ္ပံ ပညာရှင်များက ဆက်လက်ရှာဖွေစမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ သေချာတာတစ်ခုက တော့ ကျွန်တော်တို့ဟာ ပထမဦးဆုံး Black Hole ကြီးကိုမြင်ဖူးတဲ့ လူသားမျိုးဆက်အဖြစ် သမိုင်းတွင်သွားပြီ ဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.