အာဂျင်တီးနားစစ်တပ်၏ ရေငုပ်သင်္ဘောတစ်စီး ပင်လယ်ထဲတွင် ပျောက်ဆုံး

အာဂျင်တီးနားစစ်တပ်ရဲ့ ဝန်ထမ်း ၄၄ယောက်သည်ဆောင်သွားတဲ့ ရေငုပ်သင်္ဘောတစ်စင်းဟာ ပင်လယ်ထဲတွင်ပျောက်ဆုံးသွားပါတယ်။ နောက်ဆုံးအနေဖြင့် နိုဝင်ဘာလ ၁၆ရက်နေ့တွင် အဆက်အသွယ်ရခဲ့တဲ့ တည်နေရာကတော့ အာဂျင်တီးနားပင်လယ်၏ တောင်ဘက်ခြမ်းမှာဖြစ်တယ်လို့ ရေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောပြချက်အရသိရပါတယ်။

အဆက်အသွယ်ပြတ်သွားရတဲ့ အကြောင်းအရင်းကဘာလဲဆိုတာကို စုံစမ်းနေစဲဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ ဘက်ထရီ အပြည့်တပ်ထားတဲ့ လျှပ်စစ်ပစ္စည်းဖြစ်တာကြောင့် အားပြန်ဖြည့်ဖို့ရန်လိုအပ်ပါတယ်။ ထို့ကြောင့် အဆက်အသွယ်ပြတ်တာဟာ လျှပ်စစ်ဖြန့်ဖြူးရေးမှာ ပြဿနာဖြစ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ အဆိုပါပြောခွင့်ရသူကပြောပါတယ်။

အဆိုပါရေငုပ်သင်္ဘောမှာ ရက်တော်တော်များများအတွက် စားနပ်ရိက္ခာတွေ ပါရှိပါတယ်။ တကယ်လို့ ဆက်သွယ်ရေးပြဿနာကြောင့်သာဆိုရင် သင်္ဘောဟာ ရေမျက်နှာပြင်ပေါ်ကို တက်လာရမှာဖြစ်ပါတယ်။ သို့သော် မတက်လာပဲ ရိက္ခာအပြည့်ပါဝင်လို့ သူ့ခရီးကို ဆက်သွားတာဖြစ်ပုံရတယ်လို့ ထိုသူကဆက်လက်ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *