အာဆင်နယ် အသင်း၏ကွင်းလယ်ခံစစ်ကစားသမား Francis Koklen ဗလင်စီယာအသင်းသို့ ပြောင်းရွေ့

၂၀၀၈ ခုနှစ်တည်းက အာဆင်နယ်အသင်းသို့ ပြောင်းရွေ့လာတဲ့ အသက် ၂၆နှစ်အရွယ် ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမား Francis Koklen ဟာ စပိန်ကလပ် ဗလင်စီယာအသင်းသို့ ပြောင်းရွေ့ရန် သဘောတူထားတယ်လို့ အာစင်ဝင်းဂါးကအတည်ပြု ပြောဆိုလိုက်ပါတယ်။

Francis Koklen ဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၅၉ပွဲ တိတိကစားပေးခဲ့ပါတယ်။ Francis Koklen ဟာ Albania နဲ့ Sarkar တို့ ဝင်ရောက်လာပြီးနောက်ပိုင်းတွင် ပွဲထွက်ဖို့ရန် အတွက် ရုန်းကန်ခဲ့ရတာကြောင့် အသင်းပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဗလင်စီယာအသင်းကတော့ Francis Koklen ကို ခေါ်ယူရန် ပြောင်းရွေ့ကြေး ပေါင် ၁၀ ဒဿမ ၆သန်း ပေးမှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *