အာဖကန္နယ္ေျမကို သခ်ိဳင္းေျမအထိ ျဖစ္ေအာင္ တိုက္ခိုက္သြားမယ္လို႕ ေဒၚနယ္ထရမ့္ေျပာ

အာဖကန္နစၥတန္ဟာ လက္ရွိအခ်ိန္ထိ ျငိမ္းခ်မ္းမႈမရေသးဘဲ စစ္မက္ေတြ ျဖစ္ပြားေနတုန္းပါဘဲ။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ” ငါတို႕ အႏုိင္ရေအာင္ တိုက္သြားမယ္ ” ဟု ေျပာခဲ့သည္။

အာဖကန္နယ္ေျမေပၚသို႕ အေမရိကန္စစ္သားမ်ားထပ္မံပို႕ေဆာင္ထားျပီး ” အေမရိကန္ေတြအေနနဲ႕ ေခတ္အဆက္ဆက္ မျပီးဆံုးေသးတဲ့ တိုက္ပြဲရွည္ၾကီးကို အဆံုးသတ္ေတာ့မွာပါ။ အေမရိကန္တို႕ရဲ႕ အစီအစဥ္ေတြကို အေမရိကန္ ရန္သူေတြ ဘယ္ေတာ့မွ မသိေစရဘူး၊ အေမရိကန္ေတြ ဘယ္ခ်ိန္မွာ အာဖကန္ကို တိုက္မလဲဆိုတာ ဘယ္ေတာ့မွ စတင္ေျပာဆိုမွာ မဟုတ္ပါဘူး၊ ဒါေပမယ့္ ေသခ်ာေပါက္ေတာ့ တိုက္မွာ ျဖစ္ပါတယ္ ” လို႕ သမၼတ ထရမ့္က မိန္႕ခြန္းေျပာဆိုခဲ့သည္။

ေဒၚနယ္ထရမ့္ သမၼတ ျဖစ္သည့္အခ်ိန္တြင္ အာဖကန္ရွိ အေမရိကန္စစ္တပ္အား ျပန္လည္ရုတ္သိမ္းခဲ့ျပီး ထိုကဲ့သို႕ ရုတ္သိမ္းမႈေၾကာင့္ အာဖကန္ သူပုန္တို႕အတြက္ ပုန္းခိုရန္ လိႈင္ေခါင္းမ်ားကို တည္ေဆာက္ရန္ အခ်ိန္ေပးသလို ျဖစ္ခဲ့ျပီး ယခုအခ်ိန္မွ အာဖကန္ကိစၥအား အျမစ္ျဖတ္ရန္ အေမရိကန္ စစ္တပ္အား အာဖကန္ေဒသသို႕ ျပန္လည္ ေစလႊတ္လိုက္ျခင္း ျဖစ္သည္။

ဒါ့အျပင္ သမၼတေဒၚနယ္ထရမ့္ဟာ ပါကစၥတန္ႏိုင္င္ငံအားလည္း ၾကမ္းတမ္းေသာ စကားျဖင့္ ေ၀ဖန္ခဲ့သည္။ ” အေမရိကန္ဟာ ပါကစၥတန္ကို ဘီလီယံနဲ႕ခ်ီျပီး ေထာက္ပံ့ခဲ့ျပီးျပီ၊ ဒါေပမယ့္ သူပုန္ေတြဟာ ပါကစၥတန္ထဲမွာ ပုန္းခိိုေနၾကတယ္” ဟု ေျပာခဲ့သည္။

တစ္ဆက္ထဲမွာဘဲ အာဖကန္ကိစၥအား ေျဖရွင္းကူညီရန္ ထရမ့္မွ အိႏိၵယအား အတူတစ္ကြပါ၀င္ပူးေပါင္း ကူညီဖို႕ဖိတ္ေခၚလိုက္သည္။ အာဖကန္သမၼတ မွလည္း အေမရိကန္ စစ္တပ္ျပန္ေရာက္လာမႈကို ၾကိဳဆိုလ်က္ရွိျပီး လက္ရွိတြင္ အာဖန္ကန္ေဒသတြင္ တာလီဘန္ထိန္းခ်ဳပ္ထားသည့္ေနရာအမ်ားအျပားရွိေနျပီး၊ တစ္ခ်ိန္ထဲတြင္ ISIS အၾကမ္းဖက္အဖြဲ႕မ်ားကလည္း တစ္ပိုင္တစ္ႏုိင္ နယ္ေျမမ်ားကို ထိန္းခ်ဳပ္ထားသည္။ ေအာက္ပါပံုမွာ တာလီဘန္ထိန္းခ်ဳပ္ထားေသာ ေနရာ၊ တာလီဘန္မ်ားအား ေထာက္ပံ့ေနသည့္ေနရာ ႏွင့္ ISIS အၾကမ္းဖက္မ်ား ထိန္းခ်ဳပ္ထားသည့္ ေနရာတို႕ျဖစ္သည္။

afghanistan_taliban_map_large5

Unicode : အာဖကန်နယ်မြေကို သချိုင်းမြေအထိဖြစ်အောင် တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

Hekmatyar-urges-Trump

အာဖကန်နစ္စတန်ဟာ လက်ရှိအချိန်ထိ ငြိမ်းချမ်းမှုမရသေးဘဲ စစ်မက်တွေ ဖြစ်ပွားနေတုန်းပါဘဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ” ငါတို့ အနိုင်ရအောင် တိုက်သွားမယ် ” ဟု ပြောခဲ့သည်။

အာဖကန်နယ်မြေပေါ်သို့ အမေရိကန်စစ်သားများထပ်မံပို့ဆောင်ထားပြီး ” အမေရိကန်တွေအနေနဲ့ ခေတ်အဆက်ဆက် မပြီးဆုံးသေးတဲ့ တိုက်ပွဲရှည်ကြီးကို အဆုံးသတ်တော့မှာပါ။ အမေရိကန်တို့ရဲ့ အစီအစဉ်တွေကို အမေရိကန် ရန်သူတွေ ဘယ်တော့မှ မသိစေရဘူး၊ အမေရိကန်တွေ ဘယ်ချိန်မှာ အာဖကန်ကို တိုက်မလဲဆိုတာ ဘယ်တော့မှ စတင်ပြောဆိုမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သေချာပေါက်တော့ တိုက်မှာ ဖြစ်ပါတယ် ” လို့ သမ္မတ ထရမ့်က မိန့်ခွန်းပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်သည့်အချိန်တွင် အာဖကန်ရှိ အမေရိကန်စစ်တပ်အား ပြန်လည်ရုတ်သိမ်းခဲ့ပြီး ထိုကဲ့သို့ ရုတ်သိမ်းမှုကြောင့် အာဖကန် သူပုန်တို့အတွက် ပုန်းခိုရန် လှိုင်ခေါင်းများကို တည်ဆောက်ရန် အချိန်ပေးသလို ဖြစ်ခဲ့ပြီး ယခုအချိန်မှ အာဖကန်ကိစ္စအား အမြစ်ဖြတ်ရန် အမေရိကန် စစ်တပ်အား အာဖကန်ဒေသသို့ ပြန်လည် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဒါ့အပြင် သမ္မတဒေါ်နယ်ထရမ့်ဟာ ပါကစ္စတန်နိုင်င်ငံအားလည်း ကြမ်းတမ်းသော စကားဖြင့် ဝေဖန်ခဲ့သည်။ ” အမေရိကန်ဟာ ပါကစ္စတန်ကို ဘီလီယံနဲ့ချီပြီး ထောက်ပံ့ခဲ့ပြီးပြီ၊ ဒါပေမယ့် သူပုန်တွေဟာ ပါကစ္စတန်ထဲမှာ ပုန်းခိုနေကြတယ်” ဟု ပြောခဲ့သည်။

တစ်ဆက်ထဲမှာဘဲ အာဖကန်ကိစ္စအား ဖြေရှင်းကူညီရန် ထရမ့်မှ အိန္ဒိယအား အတူတစ်ကွပါဝင်ပူးပေါင်း ကူညီဖို့ဖိတ်ခေါ်လိုက်သည်။ အာဖကန်သမ္မတ မှလည်း အမေရိကန် စစ်တပ်ပြန်ရောက်လာမှုကို ကြိုဆိုလျက်ရှိပြီး လက်ရှိတွင် အာဖန်ကန်ဒေသတွင် တာလီဘန်ထိန်းချုပ်ထားသည့်နေရာအများအပြားရှိနေပြီး၊ တစ်ချိန်ထဲတွင် ISIS အကြမ်းဖက်အဖွဲ့များကလည်း တစ်ပိုင်တစ်နိုင် နယ်မြေများကို ထိန်းချုပ်ထားသည်။ အောက်ပါပုံမှာ တာလီဘန်ထိန်းချုပ်ထားသော နေရာ၊ တာလီဘန်များအား ထောက်ပံ့နေသည့်နေရာ နှင့် ISIS အကြမ်းဖက်များ ထိန်းချုပ်ထားသည့် နေရာတို့ဖြစ်သည်။

afghanistan_taliban_map_large5

Leave a comment

Your email address will not be published. Required fields are marked *