အာဖကန်တွင် အထင်ကရဟိုတယ်တစ်လုံးအား သေနတ်သမားများဝင်ပစ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့ စနေနေ့တွင် အာဖကန်နစ်စတန်နိုင်ငံ၏ ဒေသစံတော်ချိန် ည ၉နာရီခန့်တွင် ကဘူးလ်မြို့တော်ရှိ အထင်ကရ ဟိုတယ်ဖြစ်တဲ့ ၅ထပ်ရှိ အင်တာကွန်တင်နီ ဟိုတယ်ကို သေနတ်သမားအနည်းဆုံး ၄ဦးက ဝင်ရောက်ပြီး ဟိုတယ်အတွင်းရှိ ဝန်ထမ်းများအပါအဝင် ဧည့်သည်များကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၃ဦးရှိပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။ သေနတ်သမား ၄ဦးအနက် ၂ဦးကို အထူးလုံခြုံရေးအဖွဲ့မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ကျန်၂ဦးကို ဆက်လက်ရှာဖွေလျက် ရှိတယ်လို့သိရှိရပါတယ်။

ဒေသတွင်း မီဒီယာတချို့ကတော့ ဟိုတယ်အထဲမှာ ဓားစားခံတွေကို ဖမ်းဆီးထားတယ်လို့ ပြောကြားနေသော်လည်း အစိုးရတော့ အတည်မပြုဘူးလို့ သိရပါတယ်။ ဒီဟိုတယ်ဟာ အစိုးရပိုင် ဟိုတယ်ဖြစ်ပြီး ပြီးခဲ့တဲ့ လလောက်ကမှ ပုဂ္ဂိုလ်လိကပိုင် ကုမ္ပဏီတစ်ခုကို လုံခြုံရေးကိစ္စနှင့် ပတ်သက်ပြီး တာဝန်လွဲအပ်ပေးထားတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

အင်တာကွန်တင်နီ ဟိုတယ်မှာ မင်္ဂလာဆောင်ပွဲတွေ၊ ကွန်ဖရန့်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခမ်းအနားပွဲတွေကို ပြုလုပ်နေကြဖြစ်ပါတယ်။ ယခုလိုတိုက်ခိုက်တဲ့အချိန်မှာလည်း အိုင်တီနှင့် ပတ်သက်တဲ့ ကွန်ဖရန့်တစ်ခုပြုလုပ်နေတဲ့ အချိန်ဖြစ်နေတဲ့အတွက် အစိုးရအရာရှိတွေလည်း ဒီဟိုတယ်ထဲမှာ ရှိနေတယ်လို့ ဒေသခံမီဒီယာတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *