အာဖဂန်တွင် အသေခံဗုံးခွဲမှုကြောင့် ၈ ဦးသေ ၁၅ ဦးဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါခရိုင် မြို့တော် ဂျလာလာဘတ်တွင် လူအုပ်ထဲသို့ အသေခံဗုံးခွဲခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရခဲ့ပါတယ်။

တရားမဝင်မြေသိမ်းမှုကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ရဲအရာရှိတစ်ဦးကို ထောက်ခံသူတွေက ရာထူးပြန်ခံရေးအတွက် တောင်းဆိုရန် စုရုံးနေတာဖြစ်တယ်လို့ ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရသိရှိရပါတယ်။

ထောက်ခံသူတွေက ရာထူးပြန်ခံရေးအတွက် စုဝေးပြီး အစည်းအဝေးလုပ်နေစဉ်မှာ အသေခံဗုံးခွဲသမားက သူ့ကိုယ်သူ ဗုံးခွဲခဲ့တာလို့လဲ ပြောကြားခဲ့ပါတယ်။

ထိုဖြစ်စဉ်တွင် ဂျလာလာဘတ်ဆေးရုံမှ ပြောခွင့်ရသူက လူ ၈ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *