အာဖရိက အရှေ့တောင်ပိုင်းမှ မိုဇမ်ဘစ် နိုင်ငံBeira မြို့တော်သို့ ဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံး

မတ်လ ၁၅ရက်နေ့တွင် အာဖရိက အရှေ့တောင်ပိုင်းရှိ မိုဇမ်ဘစ် နိုင်ငံရဲ့စတုတ္ထအကြီးဆုံးမြို့တော်ဖြစ်တဲ့ Beira မြို့ ဆိပ်ကမ်းကို ဆိုင်ကလုန် မုန်တိုင်း တစ်ခုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

မုန်တိုင်းဟာ တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ တိုက်ခဲ့တယ်လို့ သိရပါတယ်။အဲဒီမုန်တိုင်းကြောင့် မိုးသီးကြွေပြီး Mozambique နဲ့ Malawi မှာလူ ၁၀၀ လောက် သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ Beira မြို့မှာလည်း ပျက်ဆီးဆုံးရှုံးမှု များစွာ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ပြင်သစ်နယ်မြေများစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Météo France အဖွဲ့က တော့ အဲဒီမုန်တိုင်းဟာ အလွန်အန္တာရယ်များတဲ့ ဆိုင်ကလုန်မုန်တိုင်းဖြစ်ကြောင်းနဲ့ နောက်ထပ် ဒီထက်ပိုပြီး ဆိုးလာ နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုဇမ်ဘစ်နိုင်ငံဟာ ဆိုင်ကလုန် မုန်တိုင်းဒဏ်ကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတဲ့ နိုင်ငံဖြစ်သလို ၂၀၀၀ ခုနှစ်တုန်းကလည်း မိုဇမ်ဘစ်နဲ့ Eline တို့ ဆိုင်ကလုန် မုန်တိုင်းဒဏ်ကိုခံခဲ့ရပါသေးတယ်။ အဲဒီတုန်းကလည်း လူပေါင်း ၃၅၀ သေဆုံးခဲ့ကာ လူပေါင်း ၆၅၀၀၀၀ နယ်ရပ်ကိုစွန့်ခွါပြီး ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *