အာရုံစူးစိုက်မှုအားကောင်းစေဖို့ ဘာတွေလုပ်သင့်သလဲ?

အာရုံစူးစိုက်မှုဆိုတာ အကြောင်းအရာတွေ အများကြီးထဲကမှ အရာတစ်ခုထဲကို စိတ်ဝင်စား အာရုံထားခြင်းဖြစ်ပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းမွန်စေတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဘယ်အရာကို အာရုံစူးစိုက်မှာလဲဆိုတာကို ဆုံးဖြတ်ပါ။

ကိုယ်အဓိကထားမယ့် အရာတစ်ခုကို ရွေးထုတ်ပြီး အဲ့ဒီအရာအပေါ်ကိုသာ အာရုံစူးစိုက်ပါ။

(၂) တစ်ခြားသူတွေရဲ့ အာရုံစူးစိုက်မှုကို လေ့လာပါ။

သူတို့ဘယ်လိုအာရုံစူးစိုက်မှုပြုလုပ်ကြလဲဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့အာရုံစူးစိုက်မှုကို မြှင့်တင်ပါ။

(၃) အရာအားလုံးကို တစ်ပြိုင်တည်း မပြုလုပ်ပါနဲ့။

အရာအားလုံးကို တစ်ပြိုင်တည်း ပြုလုပ်တာက အာရုံစူးစိုက်မှုကို ပျက်ဆီးစေပါတယ်။

(၄) ဘာအရာကိုပဲလုပ်လုပ် အာရုံစူးစိုက်မှုရှိပါ။

ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အာရုံစူးစိုက်ပြီး လုပ်တတ်တဲ့အကျင့်ကို မွေးမြူပါ။

(၅) တည်ငြိမ်မှုရှိပါ။

တည်ငြိမ်မှုရှိလေလေ အာရုံစူးစိုက်မှုကောင်းလေလေပါပဲ။ ဒါကြောင့် တည်ငြိမ်မှုရှိအောင် ကြိုးစားပါ။

(၆) အားအင်ပြည့်ဝမှုရှိအောင် ထိန်းချုပ်နေထိုင်ပါ။

အားအင်ပြည့်ဝမှုရှိအောင် နေထိုင်တာက အာရုံစူးစိုက်မှုကို ပိုကောင်းစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၇) ကိုယ့်ကိုယ်ကို အနားပေးပါ။

အာရုံစူးစိုက်မှု မလုပ်နိုင်တဲ့အခါ လမ်းခဏလျှောက်ပါ။ အသက်ဝဝရှူပြီး ကိုယ်ရော၊ စိတ်ပါ ခဏအနားပေးလိုက်ပါ။

(၈) တရားထိုင်ပါ။

တရားထိုင်တာကလည်း အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် တရားထိုင်ပေးပါ။ တရားထိုင်တဲ့အခါ ဝင်လေ၊ ထွက်လေကို မှတ်ပါ။ သင့်စိတ်က တည်ငြိမ်သွားပြီး အာရုံစူးစိုက်မှုကို ကောင်းလာစေပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *