အာရှတွင် ပထမဦးဆုံး လိင်တူလက်ထပ်ခွင့်ကို ထိုင်ဝမ်က ခွင့်ပြုလိုက်ပြီ

ထိုင်ဝမ်ဟာ မေလ၂၃ရက် ကြာသမတေးနေ့တွင် လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကို အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ ထို့ကြောင့် အာရှမှာ ပထမဦးဆုံးသော လိင်တူလက်ထပ်ခွင့်ပေးလိုက်တဲ့ နိုင်ငံဖြစ်သွားပါတယ်။ ၎င်းဥပဒေ အတည်ပြု ရေးကို ဦးဆောင်ခဲ့သူကတော့ ၁၉၈၀ခုနှစ်တွင် ထိုင်ဝမ်မှာ ပထမဦးဆုံး သူ့ကိုယ်သူ Gay အဖြစ်တရားဝင်ကြေငြာခဲ့တဲ့ Chi Chia-Wei ပဲဖြစ်ပါတယ်။ Chi Chia-Wei ဟာ လိင်တူလပ်ထက်ခွင့်ကို ရရှိဖို့အတွက် တရားရုံးတွင် တရားလို အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလကစပြီး အမှုရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ပြီး နောက်မှာ တော့ LGBTQ တွေရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

လိင်တူလက်ထပ်ခွင့်ကို ခွင့်ပြုကြောင်း စတင်ကြေငြာခဲ့တဲ့ ကြာသပတေးနေ့မှာပဲ ထိုင်ဝမ်း ဥပဒေပြုရုံးအရှေ့တွင် LGBTQ များစုဝေးပြီး ဥပဒေကို စောင့်စားခဲ့ကြပါတယ်။ ဥပဒေအတည်ပြုကြောင်းလည်း ကြေငြာချက်ထွက်ရော ပျော်လို့ထခုန်ကြသူ တွေ၊ဝမ်းသာပြီး တစ်ဦးကိုတစ်ဦးဖက်ကာ ငိုကြတဲ့သူတွေနဲ့ ဥပဒေပြုရုံးရှေ့တွင် ပြည့်နေခဲ့တယ်လို့ သိရှိရပါတယ်။

လိင်တူလက်ထပ်ခွင့်ကို အတည်ပြုပြီး ပထမဦးဆုံး လက်ထပ်ပွဲကျင်းပခဲ့တဲ့ အတွဲကတော့ Amber Wang နှင့် Kristin Huang တို့ဖြစ်ပါတယ်။ သူတို့ဟာ Chi Chia-Wei ရဲ့ LGBTQ အရေးနှင့်ပတ်သက်ပြီးစတင်ပြီး တရားရင်ဆိုင်တဲ့ ၂၀၁၈ ခုနှစ်တုန်းက တစ်ကြိမ်၊ ၂၀၁၈ခုနှစ် မတိုင်ခင်ကလည်း တစ်ကြိမ်လက်ထပ်ပွဲပြုလုပ်ခဲ့ပါသေးတယ်။ သို့သော် ထိုလက် ထပ်ပွဲတွေဟာ စာချုပ်စာတမ်းဖြင့် တရားဝင်လက်ထပ်ခွင့်မရခဲ့ပါဘူး။ ယခုအခါမှာတော့ စာချုပ်စာတမ်းဖြင့် တရားဝင် လက်ထပ်ပွဲကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Amber Wang နှင့် Kristin Huang တို့ရဲ့ လက်ထပ်ပွဲကို ထိုင်ဝမ် သမ္မတ Tsai Ing-wen ကိုယ်တိုင် တက်ရောက် ချီးမြှောက်ခဲ့ပါတယ်။ သမ္မတ Tsai Ing-wen ဟာ အသိသက်သေနေရာမှာ လက်မှတ်ထိုးခဲ့ပြီး သမ္မတထိုးခဲ့တဲ့ ဘောပင်ဖြင့် Chi Chia-Wei ကလည်း အသိသက်သေနေရာမှာ လက်မှတ်ထိုးခဲ့တယ်လို့ သိရှိရပါတယ်။ ထို့အပြင် Chi Chia-Wei ကို သမ္မတက ကိုယ်တိုင်လက်ရေးဖြင့် “May love unite everyone on this land” ဟုရေးသား ထားသော မှတ်စုစာတန်းကို ချီးမြှင့်ခဲ့တယ်လို့လဲ သိရှိရပါတယ်။

ထိုင်ဝမ်ဟာ ၂၀၂၀ခုနှစ်တွင် သမ္မတရွေး ကောက်ပွဲကို ကျင်းပရမှာဖြစ်ပါတယ်။ ယခုလို သမ္မတ Tsai Ing-wen က LGBTQ လက်ထပ်ခွင့်ဥပဒေကို အတည် ပြုပေးနိုင်ခဲ့တဲ့အတွက် ထိုင်ဝမ်ပြည်သူတွေရဲ့ ယုံကြည်မှုကို ဖမ်းစား နိုင်ခဲ့ ပြီးဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိအခြေအနေအရ ၂၀၂၀ ရွေးကောင်ပွဲတွင် သမ္မတ Tsai Ing-wen မဲနိုင်ဖို့ ရာခိုင် နှုန်းက ပိုများသွားပြီဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *