အာရှတွင် ၂၀၁၈ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း သန်းကြွယ်သူဌေးဦးရေတိုးတက်မှု အများဆုံးဖြစ်နိုင်ကြောင်း ပညာရှင်များခန့်မှန်း

ဇွန်လ၂၀ရက်ကြာသပတေးနေ့တွင်ထုတ်ပြန်လိုက်တဲ့ဘော့စတွန်ရှိဘော့စတွန်အတိုင်ပင်ခံအုပ်စု Boston Consulting Group (BCG) အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ၁၉နှစ်အတွင်း ကမ္ဘာပေါ်ရှိ သန်းကြွယ်သူဌေးများ စာရင်းကို တွက်ချက်ရာတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်းမှာ သန်းကြွယ်ဦးရေတိုးတက်မှုနှုန်းဟာ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်လျှင် ပိုမိုနှေးကွေးလာမည်ဟုခန့်မှန်းကြောင်းသိရှိရပါတယ်။ ထိုခန့်မှန်းချက်တွင် အာရှကတော့ တိုးတက်မှုအများဆုံး ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

BCG အဖွဲ့၏တွေ့ရှိချက်အရ ၂၀၁၈ခုနှစ်မှာ သန်းကြွယ်သူဌေးဦးရေတိုးတက်မှုဟာ ၁.၆ ရာခိုင်နှုန်းသာ ရှိတဲ့ အတွက် အခြားနှစ်တွေနဲ့ ယှဉ်လျှင် ၅ ရာခိုနှုန်းပိုမို လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ ၂၀၁၈ခုနှစ်အတွင်း အများဆုံး တိုးတက်ခဲ့တဲ့ နေရာတွေကတော့ အာဖရိက၊ အာရှ၊ဥရောပအရှေ့ပိုင်း အာရှအလယ်ပိုင်း နှင့် လက်တင် အမေရိက တို့ဖြစ်ကြပါတယ်။

၂၀၁၈ခုနှစ်အတွင်း တိုးတက်မှု အနည်းဆုံးကတော့ မြောက်အမေရိကနဲ့ အနောက်ဥရောပ တို့ဖြစ်ကြပါတယ်။ မြောက် အမေရိကဟာ ၂၀၁၈ခုနှစ်မှာ သန်းကြွယ်သူဌေးတိုးတက်မှု ဝ.၄ ရာခိုင်နှုန်းအထိလျော့ကျနေတာကို တွေ့ရှိခဲ့ရပြီး အနောက်ဥရောပကတော့ ဝ.၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တယ်လို့ သိရှိရပါတယ်။

BCG အဖွဲ့၏ ပြောပြချက်အရ နှစ်စဉ်ကမ္ဘာပေါ်ရှိ သန်းကြွယ်သူဌေးတိုးတက်မှုဟာ ၈.၆ ရာခိုင်နှုန်း အထိ ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တိုးတက်နိုင်မည့် ခန့်မှန်းသန်းကြွယ်သူဌေးဦးရေဟာ ၂၂.၁ သန်းမှ ၂၇.၆သန်း အထိသာဖြစ်သောကြောင့် ၅.၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရပါတယ်။ ထို့အပြင် သန်းကြွယ် သူဌေး တစ်ဦးတွင် ဒေါ်လာသန်း၂၀မှ ဒေါ်လာသန်း၁၀၀အထိ ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်ရှိ ပိုင်ဆိုင်မှုတွေရဲ့ တစ်ဝက်လောက်ဟာ သန်းကြွယ်သူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်ကြပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *