အာလူးဘယ်လိုဖုတ်ကြမလဲ?

အာလူးဖုတ်တယ်ဆိုလို့ ကျွန်တော်တို့ ကြားထဲမှာ ရေပန်းစားနေတဲ့ စကားများတာကို ပြောတာမဟုတ်ပါဘူး။ အခုတင်ဆက်ပေးမှာကတော့ စားလို့ရတဲ့ အာလူးကို ပိုမိုထူးခြားတဲ့ အရသာဖြင့် စားသုံးနိုင်မယ့် အာလူးဖုတ်နည်းပဲဖြစ်ပါတယ်။ ခဲပတ်ပတ်ပြီး မုန့်ဖုတ်ခြင်း၊ တုတ်ထိုးလုပ်ပြီး မုန့်ဖုတ်ခြင်းတို့ကို သင်မေ့ပစ်လို့ရပါပြီ။ ယခုဖော်ပြမယ့် နည်းလမ်းအဆင့်ဆင့်ကို သင်လေ့လာပြီး နူးညံ့ကြွတ်ရွတဲ့ အာလူးဖုတ်နည်းကို သင်ကိုယ်တိုင် စမ်းလုပ်ကြည့်လိုက်ပါ။

စလုပ်ရန်


ပုံမှာဖော်ပြထားတဲ့အတိုင်း ပလိတ်ပြားပေါ်တွင် အာလူးများကိုဆီသုတ်လိမ်းပြီး မီးအပူပေးပါ။

ဆီသုတ်လိမ်းပါ။


ဆီကို စုတ်တံဖြင့်ပုံပါအတိုင်း သုတ်လိမ်းပေးပါ။

ဆားနှင့်ငရုတ်ကောင်းဖြူးပါ။


ဆားနှင့်လတ်ဆတ်သော ငရုတ်ကောင်းအမဲမှုန့်ကို ဖြူးပေးပါ။

Oven ထဲတွင်ထားပါ။


Oven အထပ်များလျှင် အပေါ်ဆုံးထပ်တွင်ထားပါ။ ခဲပတ်များကိုဆီယိုမည်ထင်ပါက အောက်တွင်ခံပြီးထားပေးပါ။ အာလူးများနူးညံ့ပျော့ပြောင်းပြီး ကြွတ်ရွလာသည့်အချိန် ၄၅မိနစ်ခန့် oven ထဲတွင်ထားပါ။

အလယ်မှစလှီးပါ။


အာလူးတစ်ခုချင်းစီ၏ အလယ်မှ ၃လက်မ သို့မဟုတ် ၄လက်မခန့် အဝပုံပေါ်အောင်လှီးပါ။

အာလူးကိုဖြဲပါ


အာလူး၏ထိပ်နှစ်ဖက် အစွန်းမှကိုင်ပြီး အလယ်တွင်ပါးစပ်ပုံဖြစ်အောင် ဖြဲပါ။

ထောပတ်သုတ်လိမ်းပေးပါ။


အာလူး၏အပေါ်တွင် ထောပတ်ကိုသိပ်ထည့်ပေးပါ။

စားသုံးနိင်ပါပြီ


သင်အလိုရှိသော ဟင်းခတ်အချိုမှုန့်ထည့်ပြီး စားသုံးနိင်ပါပြီ။

Leave a comment

Your email address will not be published. Required fields are marked *