အိန္ဒိယက တတိယကမ္ဘာစစ်အတွက် ကြိုပြင်ရတော့မယ်လို့ ပြော

အိန္ဒိယတပ်မတော်က အငြိမ်းစားဗိုလ်မှူးချုပ် V. Mahalingam က နယူးဒေလီဟာ တတိယ ကမ္ဘာစစ် အတွက် သူ့ရဲ့အိမ်နီးချင်း တရုတ်နဲ့ ပါကစ္စတန် စစ်မျက်နှာ၂ ခုကို ရင်ဆိုင်ဖို့ပြင်ဆင် ရတော့မယ်လို့ပြောလိုက်ကြောင်း Sunday Express ရဲ့ရေးသားချက်အရ သိရပါတယ်။ ဒီနေ့အခြေအနေမှာတော့ ပါကစ္စတန်နဲ့ပြောစရာ မကျန်တော့ဘူးလို့ သူကဆိုပါတယ်။ သူတို့ ၃ နိုင်ငံစလုံးဟာ နယူကလီးယား လက်နက်ကိုယ်စီပိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
စူးစမ်းလေ့လာသူ Manoj Joshi ကတော့ စစ်မျက်နှာ၂ ခုကို ရင်ဆိုင်ဖို့ဆိုတာ အိန္ဒိယအတွက်စိန်ခေါ်မှုပဲလို့ ဆိုပါ တယ်။ အငြိမ်းစားရေတပ်ဗိုလ်ချုပ် Satish Soni က အခုလို တင်းမာမှု အရှိန်မြင့် တက်နစဉ်မှာ အိန္ဒိယအနေနဲ့ ပထဝီဝင်အရအားသက်ချက်ကို ဆုပ်ကိုင်ရမယ်လို့ အိန္ဒိယ သမုဒ္ဒရာကို ရည်ညွှန်းပြီး ပြောဆိုလိုက်ပါတယ်။
ယခင်အပတ်က တရုတ်က ပါကစ္စတန်ကို တာဝေးပစ်လက်နက်တွေစမ်းသပ်ရာမှာ အသုံးပြု တဲ့ အလင်းခြေရာခံ စနစ် ပါတဲ့ နည်းပညာကို ရောင်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။အာရှရဲ့ မဟာအင်အားကြီးဖြစ်တဲ့ တရုတ်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ်ပြည်ပကိုရောင်းချတာဖြစ်တယ်လို့ဆိုပါတယ်။
အိန္ဒိယအနေနဲ့ နယူးကလီးယားစစ်ပွဲကို ဆင်နွှဲနိုင်တဲ့ တာဝေးပစ်လက်နက်တွေကို အသုံးပြုနိုင်ချိန်မှာ ပါကစ္စတန် ကလည်း MIRVs လက်နက်မျိုးအသုံးပြုနိုင်ဖို့ အချိန်ကြာကြာ အာရုံစိုက်လာခဲ့တာဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ဇန္နဝါရီလက တော့ အိန္ဒိယက နယူးကီးယား တာဝေးပစ်လက်နက်ကို စမ်းသပ်ခဲ့ ပါသေးတယ်။အိန္ဒိယအနေနဲ့ တောင်အာရှနိုင်ငံ တွေကို လှမ်းပစ်နိုင်တဲ့ လက်နက်ကို ပိုင်ဆိုင်ထားပေမယ့် ပါကစ္စတန်ရဲ့ MIRV နည်းပညာက အိန္ဒိယဒုံးခွင်းစနစ်ကို လမ်းလွှဲစေနိုင်တဲ့အတွက် စိုးရိမ် စရာဖြစ်ပါတယ်။

ကိုးကား။ The Sunday Express

Leave a comment

Your email address will not be published. Required fields are marked *