အိန္ဒိယတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ(၁၀၀)ထက်မနည်း သေဆုံး

ယခုအပတ်အတွင်း အိန္ဒိယတွင် မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အနည်းဆုံး လူ(၁၁၄)ဦးအထိ သေ ဆုံးခဲ့ရပါတယ်။ အဆိုပါမိုးရွာသွန်းမှုကြောင့် နေရာအနှံ့အပြားတွင် မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရသဖြင့် လူ ပေါင်းများစွာ နေစရာမရှိဖြစ်ခဲ့ရပါတယ်။

အာဏာပိုင်များ၏ပြောပြချက်အရ Kerala ပြည်နယ်တောင်ဘက်တွင် အနည်းဆုံးလူ ၅၇ဦးအထိသေဆုံးခဲ့ရပြီး လူပေါင်း ၁၆၅၀၀၀ ကျော်လောက်ဟာ သူတို့ရဲ့ နေအိမ်ကို စွန့်ပစ်ကာ ရေဘေးတိမ်းရှောင်ခဲ့ရသဖြင့် Kerala ပြည်နယ် တစ် လျှောက်မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၁၃၁၈ခုအထိ ဖွင့်ထားပေးရတယ်လို့ သိရှိရပါတယ်။ မိုးကြီးမှုနှင့် အတူ အိမ်ပေါင်း အလုံး၂၀၀လောက် ပျက်စီးသွားခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ ထို့အပြင် Kerala ပြည်နယ်၏ အိမ်နီး ချင်းဖြစ်တဲ့ Karnataka ပြည်နယ်တွင် လူ၃၀ သေဆုံးပြီး ၁၄ဦးပျောက်ဆုံးနေကာ အာဏာပိုင်များက လူ၃၀၀၀၀ လောက်ကို ကယ်တင်ဖို့အတွက် ကယ်ဆယ်ရေးစခန်းပေါင်း ၉၂၄ခုကို ဖွင့်ထားရပါတယ်။

Maharashtra ပြည်နယ် အနောက်ဘက်ပိုင်းမှာတော့ လူ ၂၇ဦး သေဆုံးခဲ့ပြီး ၂သိန်းကျော်လောက်ကတော့ နေရာ ရွေ့ ပြောင်းခဲ့ရတယ်လို့သိရှိရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက်အမျိုးသားသဘာဝဘေးအန္တာရယ် တုံ့ပြန်ရေးအဖွဲ့၊ ကြည်းတပ်၊ ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် လေတပ်တို့က အဖွဲ့ ၄၄ဖွဲ့အထိ ဖွဲ့ထားတယ်လို့ သိရှိ ရပါတယ်။ မုတ်သုံမိုးဟာ စက်တင်ဘာလအထိ ဆက်လက်ဖြစ်ပွားအုံးမှာဖြစ်တဲ့အတွက် ပျက်စီးသွားသော နေအိမ်များ ကို ပြန်လည် တည်ဆောက်ဖို့ရန်အတွက်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့ အတွက် အလွန် အခက်တွေ့နေတဲ့ အခြေအနေပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *