အိန္ဒိယနိုင်ငံတွင် တာလပ်သုံးခါပြောရုံဖြင့် ကွားရှင်းမှုကို ပြစ်မှုမြောက်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

မွတ်စလင် အမျိုးသားတွေကသူတို့၏ဇနီးသည်တွေကို အာရဘီလို ကွာရှင်းတယ်လို့ အဓိပ္ပါယ်ပေါက်တဲ့ တာလပ်ဆိုတဲ့ စကားကို သုံးကြိမ်ပြောရုံနဲ့ လင်မယားခန်းမှ ရပ်စဲတယ်ဆိုတဲ့ မွတ်စလင်တို့၏ ဥပဒေဟာ အိန္ဒိယနိုင်ငံ အခြေခံဥပဒေနှင့် မညီညွှတ်ဘူးလို့ တရားရုံးချုပ်က ယခုနှစ်အစောပိုင်းမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ယခုအခါတွင် အောက်လွှတ်တော်မှ ထိုကဲ့သို့ ပြုလုပ်ခြင်းဟာ အိန္ဒိယနိုင်ငံမှာ ပြစ်မှုမြောက်ကြောင်းကို မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ဒီဥပဒေကို မွတ်စလင်အမျိုးသားတွေ အနေနဲ့ မလိုက်နာပါက ထောင်ဒဏ် ၃နှစ်အထိ အပြစ်ပေးနိုင်ပြီး အထပ်လွှတ်တော်ကလည်း ဆက်လက်အတည်ပြုမယ်လို့ မျှော်လင့်နေကြပါတယ်။ မွတ်စလင်ဇနီးသည်တို့က ထိုကဲ့သို့ တာလပ်သုံးခါခေါ်ရုံဖြင့် လင်းမယားကွဲတာဟာ ၎င်းတို့အတွက် အရမ်းကိုနှစ်နာကြောင်း လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုနေကြပါတယ်။

မွတ်စလင်အများစုကလည်း ထိုသို့အလွယ်တကူ ချက်ချင်းကွာရှင်းခွင့်ပြုသည့်စနစ်ဟာ မှားယွင်းနေသလို ခေတ်နဲ့လည်း မလျော်ညီဘူးလို့ လက်ခံကြပါတယ်။ ဟိန္ဒူဘာသာဝင်တွင်တွေ ကြီးစိုးတဲ့ အိန္ဒိယမှာ အစ္စလာမ်ဘာသာဟာ လူနည်းစုတွေအတွင်း အများဆုံး ကိုးကွယ်ကြတဲ့ ဘာသာလည်းဖြစ်ပါတယ်။


တချို့သော လူ့အသိုင်းအဝိုင်းထဲက ခေါင်းဆောင်တွေကတော့ ဒီလိုမွတ်စလင်တွေရဲ့ ကိုယ်ပိုင်ဥပဒေကို အိန္ဒိယအစိုးရနေနဲ့ ပြောင်းလဲပိုင်ခွင့်မရှိဘူးလို့ ချေပပြောဆိုနေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *