အိန္ဒိယမှ ကော်ဖီ ဘုရင် VG Siddhartha ကွယ်လွန်

ဇူလိုင်လ ၃၁ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက အိန္ဒိယနိုင်ငံ ကော်ဖီလောကကို ဦးဆောင်ခဲ့သူဖြစ်ပြီး အိန္ဒိယနိုင်ငံ ကော်ဖီလောကဘုရင်ဖြစ်တဲ့ VG Siddhartha ၏ သေဆုံးနေသော ခန္ဓာကိုယ်ကို Mangalore မြို့တောင်ဘက်ခြမ်းရှိ မြစ်နဘေးတွင် တွေ့ရှိခဲ့ရပါတယ်။ Mr. Siddhartha အခုလို ရုတ်တရက်သေဆုံးသွားခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွား ရေးလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

Mr Siddhartha ဟာ Chikmagalur ရှိ ကော်ဖီစိုက်ပျိုးသောမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ၁၉၈၀ ခုနှစ်လောက် မှာ ဘဏ်ချေးငွေဖြင့် ရင်းနှီးမြုပ်နှံသူတစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး မကြာမီမှာပဲ ကိုယ်ပိုင်ငွေဖြင့် စတော့ဈေး ကွက်မှာ ရင်းနှီးမြုပ်နှံနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အိန္ဒိယပြည်သူများဟာ ကော်ဖီထက် လက်ဖက်ရည်ကိုသာ ကြိုက် နှစ်သက်သူများဖြစ်ကြတဲ့အတွက် ဒီလိုနေရာမှာ Mr Siddhartha ရဲ့ Coffee ဈေးကွက်နေရာရဖို့အတွက် ကြိုးစား ရတာဟာ အလွန်ခက်ခဲတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲဖြစ်ကာ ကုန်သွယ်မှုလမ်းပွင့်လာပြီးနောက် ကော်ဖီနဲ့ ပတ်သက်ပြီး တားမြစ်ထားတဲ့အရာတွေကိုလည်း ဖွင့်ပေးလိုက်တဲ့အတွက် Mr Siddhartha အတွက်အခွင့်အရေး ရခဲ့ ပါတယ်။ Mr Siddhartha ဟာ ထိုအချိန်ကစပြိး သူ့ကော်ဖီ ကို ပြည်ပသို့ရောင်းချခဲ့ကာ ၁၉၉၃ ခုနှစ်ရောက်ချိန်တွင် (၂) နှစ်အတွင်းမှာ အိန္ဒိယရဲ့အကြီးမားဆုံး ပြည်ပသို့ ကော်ဖီတင်ပို့ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ Mr Siddhartha ဟာ Coffee Chain ကိုတည်ထောင်ဖို့ရန်စိတ်ကူးရခဲ့ပြီး ဂျာမနီရှိ Tchibo Coffee Chain ပိုင်ရှင်နှင့်တွေ့ခဲ့ပါတယ်။ ဂျာမဏီပိုင်ရှင်က လုပ်ရန်တိုက်တွန်းခဲ့သဖြင့် ၁၉၉၆ခုနှစ်မှာ သူရဲ့ ပထမဦးဆုံး Coffee ဆိုင်လေးကို Bangalore မြို့တွင် Café Coffee Day အမည်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ကော်ဖီဆိုင်ရဲ့ အဓိ ကဆောင်ပုဒ်လေးကတော့ “A lot can happen over a cup of coffee.” ပဲဖြစ်ပါတယ်။ ဒီစာသားလေးက လူငယ် တွေနဲ့ လူလတ်ပိုင်းတွေရဲ့ ရင်ကိုထိစေပြီး သူ့ရဲ့ဆိုင်လေးဟာ နာမည်ရလာခဲ့ပါတယ်။

ဒီလိုနဲ့ Café Coffee Day ဟာ နာမည်ရလာခဲ့ပြီး ဆိုင်ခွဲများဖွင့်လာနိုင်ကာ ၂၀၀၅ခုနှစ်တွင် ပြည်တွင်းမှာပင်မဟုတ်ပဲ ပြည်ပဖြစ်တဲ့ Vienna တွင်ပါ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ သူ့ဖွင့်လှစ်ထားတဲ့ Coffee ဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီလိုနဲ့ Mr Siddhartha ကို စီးပွားရေးလုပ်ငန်းရှင်များက အိန္ဒိယရဲ့ Howard Schultz ဟု တင်စားခေါ်ဝေါခဲ့ကြပါတယ်။ ယနေ့မှာတော့ Mr Siddhartha ဟာ ပြည်ပဖြစ်တဲ့ Prague၊ Vienna နှင့် Kuala Lumpur တို့အပါအဝင် မြို့ပေါင်း ၂၀၀ ကျော်မှာ ဆိုင်ပေါင်း ၁၇၀၀ ကျော်အထိဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

သို့သော် ၂၀၁၂ ခုနှစ်မှာ နိုင်ငံခြားကော်ဖီကုမ္ပဏီတွေဖြစ်တဲ့ Starbucks နှင့် Costa Coffee အစရှိတဲ့ နာမည်ကြီး Brand တွေ ရောက်လာခဲ့ပြီး ဈေးကွက်လာလုကြတဲ့အတွက် Mr Siddhartha ရဲ့ Café Coffee Day ဟာ နာမည်ကျလာခဲ့ကာ ရှယ်ယာဈေးကွက်တွေပါ ထိုးကျလာခဲ့ရပါတယ်။ ထိုကြောင့် ၎င်းပြည်ပ ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ရန်တွက် ကြိုးစားခဲ့ရင်း အကြွေးတွေများလာကာ ၂၀၁၉ မတ်လတွင် ကုမ္ပဏီရဲ့ အကြွေးဟာ $1billion ကျော်အထိဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ Mr Siddhartha ဟာ သူ့ရဲ့ ရှယ်ယာကိုပါ ရောင်းပြီးအကြွေးများကိုဆပ်ရန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ဝယ်သူမရှိခဲ့ပါဘူး။  နောက်ဆုံးမှာတော့ မြစ်နဘေးမှာ သူ့ရဲ့သေဆုံးနေတဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Mr Siddhartha သေဆုံးမှုနဲ့ ပတ်သက်ပြီး တိကျတဲ့အဖြေကို ရဖို့ရန်တွက် ဆက်လက်စုံစမ်း စစ်ဆေးမှုတွေပြုလုပ် နေ တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.