အိန္ဒိယရှိ Tuition Center တစ်ခုတွင်မီးလောင်မှုဖြစ်ပွားရာ ကျောင်းသား ၁၉ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

မေလ (၂၄)ရက် သောကြာနေ့တွင် အိန္ဒိယနိုင်ငံ Gujarat မြို့ရှိ Tuition Center တစ်ခု၌ မီးလောင်မှု ကြီးတစ်ခု ဖြစ် ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်ဟာ Tuition ထဲတွင် ကျောင်းသားများစာသင်နေကြတဲ့ အချိန်ဖြစ်တဲ့အတွက် အခုလို ဆိုး ဝါးတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ကျောင်းသားစုစုပေါင်း ၁၉ဦး သေဆုံး သွားခဲ့ရပါ တယ်။

သေဆုံးသွားခဲ့တဲ့ ကျောင်းသားများဟာ အသက်၂၀အောက်ကျောင်းသားများဖြစ်ကြပါတယ်။သေဆုံးသူတွေဟာ မီးထဲမှာ သေဆုံးသွားသူတွေအပါအဝင် ကြောက်လန့်ပြီး အဆောက်အဦပေါ်မှ ခုန်ချသဖြင့် သေဆုံးသွားကြသူများလည်း ပါဝင် တယ်လို့ သိရှိရပါတယ်။ ကျောင်းသားတစ်ချို့ဟာ မီးလောင်နေချိန်တွင် အဆောင်အဦထဲက ထွက်လို့မရပဲ မီးထဲမှာ ပိတ်နေခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲဖြစ် ကယ်ထုတ်ခဲ့ရပါတယ်။ ထို့ပြင် ကျောင်းသာ ဦးရေ၂၀ ဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့သဖြင့် ကယ်ဆယ်ရေးများက Gujarat ရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် Narendra Modi ကတော့ အခုလိုမီးလောင်မှုကြောင့် သေဆုံးသွားသော ကျောင်းသားများအပြင် ထိခိုက် ဒဏ်ရာရရှိသွားတဲ့ကျောင်းသားတွေအတွက် အလွန်ပင်ဝမ်းနည်းမိပြီး စိတ်မကောင်းဖြစ်မိကြောင်း သူ၏ Twitter တွင် ရေးသားခဲ့ပါတယ်။၎င်းအမှုနှင့်ပတ်သက်တဲ့အကြောင်းအရာများကို ၃ရက်အတွင်း အသေးစိတ်သိရှိအောင် ဆောင် ရွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ Gujarat ဝန်ကြီးချုပ် Vijay Rupani ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့တယ်လို့ သိ ရှိရပါတယ်။

အိန္ဒိယမှာ မီးလောင်မှုကြောင့် လူသေတာ ဒီနှစ်ထဲမှာ (၂)ကြိမ်ရှိပြီးဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာ ဖေဖော် ဝါရီ လတွင် ဖြစ်ပွားခဲ့သော Delhi ဆေးရုံမီးလောင်မှုဖြစ်ပါတယ်။ ၎င်းမီးလောင်မှုတွင်လည်း အနည်းဆုံးလူ (၁၇)ဦး သေ ဆုံးခဲ့ရပါတယ်။ သို့သော် ယခုဖြစ်ပွားသွားတဲ့ မီးလောင်မှုဟာ ပစ္စည်းဆုံးရှုံးမှုသာမဟုတ်ပဲ နိုင်ငံရဲ့ မျိုးဆက်သစ်တွေ ကိုပါ ဆုံးရှုံးလိုက်ရတဲ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *