အိန္ဒိယအစိုးရက အိန္ဒိယကို ဒုက္ခသည်မြို့တော်ကြီး အဖြစ်မခံနိုင်ဘူးလို့ ပြောကြား

လွန်ခဲ့တဲ့ ၆နှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၄သောင်းခန့်ကို ပြန်လည်နှင်ထုတ်ရေးအတွက် အိန္ဒိယအစိုးရမှ အိန္ဒိယဗဟိုတရားရုံချုပ်မှာ ဥပဒေကြောင်းအရ ကြိုစားနေတာဖြစ်ပါတယ်။

ဟိန္ဒူအမျိုးသားရေးပါတီ BJP ဦးဆောင်တဲ့ အိန္ဒိယအစိုးကတော့ ရိုဟင်ဂျာတွေကို လက်ခံထားရင် လုံခြုံရေးဆိုင်ရာ အန္တရယ်ရှိတယ်လို့ ယူဆနေပြီး ဒုက္ခသည်မြို့တော်ကြီးဖြစ်လာမှာကို မလိုလားဘူးလို့ ပြောကြားလိုက်ပါတယ်။

အိန္ဒိယ နယ်စပ်တစ်လျှောက်မှာလည်း ရိုဟင်ဂျာတွေ မဝင်နိုင်အောင် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းတွေကို ပြုလုပ်နေတယ်လို့ ဒုက္ခသည်များ ပြန်မလွှတ်ရေးဘက်မှ ရှေ့နေများက တရားရုံးချုပ်ကို တိုင်တမ်းထားတယ်လို့ သိရှိရပါတယ်။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *