အိန္ဒိယ မင်းသမီးကို မဖွယ်မရာလုပ်သဖြင့် ဖမ်းဆီးခံလိုက်ရ

အစဉ်အလာတွေကို ချိုးဖောက်တဲ့ ဆယ်ကျော်သက် မိန်းကလေး အသွင်သရုပ်ဆောင်ထားတဲ့ Dangal နဲ့ Secret Superstar ကားတွေမှာ လူသိများလာခဲ့ပြီး ဒီနှစ်အတွက် ကလေးထူးချွန်ဆုကို အိန္ဒိယ သမ္မတမှ ပေးအပ်ခြင်းခံခဲ့ရတဲ့ အသက် ၁၇နှစ်အရွယ် မင်းသမီး Zaira Wasim ဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့ ကနေ မွမ်ဘိုင်ကို ပျံတဲ့လေယောဉ်ပေါ်မှာ လူလတ်ပိုင်းအမျိုးသား တစ်ယောက်ရဲ့ မဖွယ်မရာပြုလုပ်ခြင်းခံရကြောင်း Instagram မှာ တင်ခဲ့တာကြောင့် ၎င်းအမျိုးသားကို ရဲတွေကဖမ်းဆီးခဲ့ပါတယ်။

Zaira Wasim ၏ နောက်မှာ လိုက်ပါလာတဲ့ ၎င်းအမျိုးသားဟာ မင်းသမီးရဲ့ နောက်ကျော၊ ပုခုံးနဲ့ လည်ပင်းတို့ကို ခြေထောက်နဲ့ ခဏခဏ ပွတ်တာလုပ်ခဲ့တယ်လို့ မင်းသမီးက ပြောပါတယ်။ ဒီလူရဲ့ အပြုအမူကို video ရိုက်ရန် ကြိုးစားခဲ့သော်လည်း အရမ်းမှောင်နေသဖြင့် မရခဲ့ဘူးလို့ မင်းသမီးက ဆိုပါတယ်။

လေယာဉ်ပေါ်ကနေ ဆင်းအပြီးမှာ သူမဟာ သူ့ကိုယ်သူ video ရိုက်ပြီး စိတ်ပျက်ကြောင်း Internet မှာ တင်ခဲ့တာဖြစ်ပါတယ်။

Vistara အိန္ဒိယ ပြည်တွင်းလေးကြောင်းကလည်း ဒီလိုအပြုအမူအတွက် လုံးဝသည်းမခံနိုင်ကြောင်း၊ ဒီအတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *