အိပ်ပျော်နေစဉ် လုပ်တတ်တဲ့အရာများ

လူရဲ့ ခန္ဒာကိုယ်က ထူးဆန်းပါတယ်။ မထင်မှတ်သလို ပြောင်းလဲမှုတွေဖြစ်နိုင်ပြီး အိပ်နေချိန်အတွင်းမှာပါ ရွှေ့လျားနိုင်ပါတယ်။ ယခု အိပ်စက်အနားယူချိန်အတွင်း လုပ်တတ်တဲ့ အပြုအမှုတွေကို ဖော်ပြသွားပါမယ်။

ထပ်တလဲလဲ အိပ်မက်မက်ခြင်း

လူတိုင်းဖြစ်ဖူးကြမှာပါ။ အိပ်မက်က ထပ်ဖန်တလဲလဲမက်ပြီး နိုးလာရင်လည်းချွေးတွေ ရွဲစိုနေတာမျိုးပါ။ ဒါကို စိတ်ပညာရှင်တွေက ဒီလိုအိပ်မက်မျိုးဟာ ပြင်ပလောကမှ ပြဿနာကြုံတွေနေရသည်ကို စိတ်ဆွဲပြီး မက်ခြင်းဖြစ်ပြီး ထိုပြဿနာ ဖြေရှင်းနိုင်ပါက ထိုအိပ်မက်မက်တော့မည်မဟုတ်ပါ။

အိမ်မက်ထဲကအိမ်မက်

အိမ်မက်တစ်ခုပြီးတစ်ခုထဲမှ ဇာတ်လမ်းတွဲလိုမက်နေခြင်းပင်ဖြစ်သည်။

အိပ်နေရင်း လမ်းလျှောက်ခြင်း

ဇာတ်လမ်းတွေထဲမှာ သင်တွေ့ဖူးးတဲ့ ဒီဖြစ်စဉ်က ပြင်ပလောကမှာ တကယ်ဖြစ်နေတဲ့အရာပါ။ ဒါပေမယ့် နိုးလာရင်လည်း မှတ်မိနိုင်မှာ မဟုတ်ပါဘူး။

ပြုတ်ကျသည့်ခံစားချက်

ဒါဟာ ကြောက်စရာ အတွေ့အကြံတစ်ခုပါပဲ။ တစ်ခုခုကနေ ပြုတ်ကျလာသလိုခံစားရပြီး သင့်နိုးတဲ့အခါ အိပ်ယာပေါ်မှာ (သို့) ခုတင်ကနေ ပြုတ်ကျတဲ့အခြေအနေမျိုးပါ။

အိပ်နေရင်း လည်ပင်းညစ်ခံရခြင်း

ဒါကတော့ ဆေးလိပ်သောက်သူတွေမှာအဖြစ်များပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုကြောင်းပဲဖြစ်ပါတယ်။

လှုပ်မရခြင်း

ဒါကတော့ သင်နိုးလာပေမယ့်လည်း သင့်ကိုယ်ကို လှုပ်မရတဲ့အခြေအနေမျိုးပါ။ စိတ်အားငယ်တဲ့အချိန်တွေမှာ ကြုံရတတ်ပါတယ်။

အိပ်နေရင်း စကားပြောခြင်း

ဒီလိုဖြစ်ရပ်တွေက အိပ်မက်ထဲမှာ ပြောဆိုခြင်းမျိုးဖြစ်ပြီး ပြင်ပလောကမှာ မပြောဖြစ်တဲ့အရာတွေကို ပြောမိခြင်းမျိုးသာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *