အိမ်မှာရှိသင့်တဲ့ နံ့သာအဆီများ

နံသာအဆီလို့ဆိုလိုက်ပါက ဒါဟာ အိမ်တွင်း မှာ မွှေးအောင်ထားတယ်လို့ပဲထင်ကြပါတယ်။ ဒီထက်သုံးလို့ရတာတွေ အများကြီးရှိပါတယ်။ ယခု အိမ်မှာဆောင်ထားသင့်တဲ့ အဆီတွေအကြောင်း ပြောပြသွားပါမယ်။

လာဗင်ဒါဆီ

လာဗင်ဒါအနံ့မှာ ပြင်ပမှ ဖိအားဒဏ်များကို ဖြေဖျောက်နိုင်စွမ်းရှိပါသည်။ မီးလောင်ဒါဏ်ရာကိုလည်းသက်သာစေပါသည်။ ထိုအဆီ(၂)စက်လောက်ချရုံဖြင့် ရောင်းကိုင်းနေခြင်းနှင့် နာကျင်နေခြင်းတို့ကိုပင် သက်သာနိုင်စွမ်းရှိပါသည်။

သံပရာသီးအဆီ

လည်ပင်းယားယံမှုများအတွက် လိုအပ်သောအဆီဖြစ်ပြီး ပျားရည်နှင့်တွဲသောက်ရပါမည်။ မီးဖိုချောင်ထဲမှ အနံ့ဆိုးများကိုလည်း ကင်းရှင်းစေပါသည်။

ယူကလစ်ဆီ

ယူကလစ်ဆီကို ရေဖြင့်ရောဖြန်းပါက မှိုများပေါက်ဖွားမှုကို တားဆီးနိုင်ပါသည်။ ကြမ်းတိုက်ရာတွင်လည်း သုံးနိုင်ပါသည်။

လက်ဖက်ဆီ

အိမ်တွင်းလက်ဖက်ဆီဟာ ဆေးကောင်းတစ်လက်ရှိသလိုပါပဲ။ ဒါဏ်ရာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

လိမ္မော်ပင်ရိုင်းအဆီ

ဒါကတော့ အစာမကြေတာတွေအတွက် အုန်းဆီနဲ့ ရောလိမ်းနိုပ်နယ်ပေးရုံနဲ့ ပျောက်ကင်းစေပါတယ်။

ဗီနီလာအဆီ

အဖျားရောဂါနဲ့ တခြားဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။ ရေချိုးရာတွင်အနည်းငယ်ထည့်ချိုးရုံဖြင့် စိတ်လေးလံထိုင်းမှိုင်းနေတာတွေပါ ပျောက်စေပါတယ်။

နှင်းဆီအဆီ

ဒါက ဦးနှောက်အတွက်ရော အစာခြေစနစ်အတွက်ပါကောင်းပါတယ်။ အမြင်အာရုံကိုလည်း တိုးစေနိုင်ပါတယ်။

ဒါကြောင့် ယခုဖော်ပြသွားခဲ့တဲ့အဆီတွေကို အိမ်မှာမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *