အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ကြောင်း တွေ့ရှိ

အလုပ်တွေလုပ်နေရတဲ့လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိကြပါတယ်။ လူကြီးမင်းတို့ စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်လာရ တဲ့အခါ မှာ ဖြေရှင်းတဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ သီးချင်းနားထောင်ခြင်း၊ ခရီးတိုထွက်ခြင်း၊ တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ တစ်ယောက်တည်းသွားနေခြင်း၊ အိပ်စက်အနားယူခြင်း စသည်ဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ယခုပြောပြသွားမယ့် စိတ်ဖိစီးမှုကို ဖြေလျော့တဲ့နည်းကတော့ တစ် ချက်ခု တ် (၂)ချက်ပြတ်တဲ့ ဖြေလျော့နည်းပါ။ အမေရိကန် သုတေသီများဟာ အသက် ၂၅နှစ် အသက် ၄၅နှစ် အရွယ် ရှိ လူ၆၂ဦးကို စောင့်ကြည့်ပြီး အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ကြောင်းကို တွေ့ရှိ ခဲ့ပါတယ်။

သုတေသီများ၏ပြောပြချက်အရ သန့်ရှင်းရေးလုပ်နေတဲ့လူတစ်ဦးရဲ့ စိတ်ဟာအခြားအရာတွေကို စဉ်းစားနေတာမရှိပဲ ဒီအလုပ်အပေါ်မှာပဲ အာရုံစူးစိုက်သွားတာကိုတွေ့ရှိရပါတယ်။ ထို့အပြင် မိမိသန့်ရှင်းရေးလုပ်လိုက်လို့ သန့်စင်သွားတာ ကို တွေ့မြင်ရတဲ့အပေါ်မှာ ဝမ်းသာပီတိဖြစ်ပြီး အလိုလိုကြည်နူးတဲ့ စိတ်ဖြစ်ပေါ်စေတာတွေ့ရှိရကြောင်း သိရပါတယ်။ ရှာ ဖွေတွေ့ရှိချက်အရ ၈၁ရာခိုင်နှုန်းသော လူများဟာ မိမိသတ်မှတ်ထားတဲ့ သန့်ရှင်းရေးလုပ်မည့် အတိုင်း အတာ ကို ပြီးမြောက်အောင်ဆောင်ရွက် နိုင်ကြပြီး ၆၆ရာခိုင်နှုန်းသော လူများကတော့ မိမိရဲ့စိတ်ကနိုးဆော်ချက်ကြောင့် သတ် မှတ် ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး လုပ်ကြတာတွေ့ရှိရပါတယ်။

၂၀၁၈ခုနှစ်က လူပေါင်း ၂၀၀၀ကို စောင့်ကြည့်ပြီးရှာဖွေတွေ့ရှိခဲ့တာကတော့ အိမ်သန့်ရှင်းရေးလုပ်ရတာကို ကြိုက် နှစ်သက်တဲ့ လူများဟာ သာမန်လူများထက် ၂၅ရာခိုင်နှုန်းပိုမိုပြီး ပျော်ရွှင်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ထို့အပြင် စိတ်အလိုမကျခြင်း၊ ဒေါသထွက်ခြင်းတို့ ဖြစ်နေချိန်တွင် အိမ်သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် မိမိရဲ့စိတ်ကို ဖြေလျော့နိုင် တာကို တွေ့ရှိခဲ့ရပါတယ်။ သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် မိမိရဲ့ ပင်ကိုယ်အရည်အသွေးများ၊ အာရုံစူးစိုက်မှုများ ပိုမိုအား ကောင်းလာသလို စိတ်ကို ဖြေလျော့ပေးစေနိုင်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် လူကြီးမင်းတို့ အိမ် မှာ ရှုပ်ပွနေတယ်ဆိုရင် အခြားလူကိုခေါ်ပြီး မရှင်းခိုင်းပဲ အားလပ်ချိန်မှာ မိမိကိုယ်တိုင်သန့်ရှင်းရေးလုပ်ကြည့်ပြီး လူ ကြီးမင်းရဲ့ စိတ်ကိုအနားပေးကြည့်ဖို့ တိုက်တွန်းပါရစေ။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *