အိုင်ဒီယာ ကောင်းလွန်းသဖြင့် ထောင်ကျတော့မည့် ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦး

ပိုက်ဆံရှာရခက်နေတဲ့ ယခုခေတ်မှာ တီထွင်ဆန်းသစ်နိုင်မှုက အဓိကကျတယ် ဆိုပေမဲ့ သတိတော့ထားပြီး လုပ်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးဟာ အိုင်ဒီယာ အရမ်းကောင်းလွန်းသွားသဖြင့် ယခု ထောင်ကျမယ့် ကိန်းဆိုက်နေပါတယ်။

ဆပ်ခွန် လို့ခေါ်တဲ့ ကော်ဖီဆိုင်ပိုင်ရှင်ရဲ့ အိုင်ဒီယာကတော့ သူ့ဆိုင် ဝယ်လိုအားများအောင် လူတိုင်းနည်းပါးအသုံးပြုနေသော ကြော်ငြာဆိုင်းဘုတ်တွေ၊ တီဗီ ကြော်ငြာတွေကို အသုံးမပြုပဲ ဖော်ချွတ်မော်ဒယ် တစ်ဦးကို ငှားပြီး အဝတ်အစားမဝတ်စေပဲ မီးဖိုချောင်သုံး ကြိုးဆွဲ လည်စည်းကိုသာ ဝတ်ဆင်စေပြီး စားပွဲထိုးခိုင်းလိုက်တာ ဖြစ်ပါတယ်။ သူ့အိုင်ဒီယာကောင်းလွန်းသဖြင့် သူ့ဆိုင်ရဲ့ ပုံတွေဟာ အွန်လိုင်းမှာ ချက်ချင်းပျံ့သွားပြီး လူသိများသွားပါတယ်။ ထိုင်းရဲတွေ ဒီကိစ္စကို သိရှိသွားတော့ ဆပ်ခွန်ကို လိင်ပိုင်းဆိုင်ရာ နှိုးဆွအောင်ပြုလုပ်မှုနဲ့ ဖမ်းလိုက်ပါတယ်။

ဆပ်ခွန်က “ကော်ဖီဆိုင်မှာ ရိုက်ထားတဲ့ပုံတွေကို စီးပွားရေး ကြော်ငြာတစ်ခုလို အွန်လိုင်းမှာ အသုံးပြုခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာ နှိုးဆွလိုစိတ်နဲ့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။” လို့ပြောပါတယ်။

မော်ဒယ်ဖြစ်သူ အရီဆာ ဆူဝန်နာဝေါင်း ပြောတာကတော့ “ကျွန်မအနေနဲ့ အခကြေးငွေမယူပဲ ကူညီရုံသက်သက်ပါ၊ အစပျိုးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ပါစေဆိုတဲ့ စိတ်ကောင်းနဲ့ ကူညီခဲ့တာပါ” လို့ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပြစ်မှုကျူးလွန်ပြီးဖြစ်နေတဲ့အတွက် ဆပ်ခွန် ကတော့ ထောင်ဒဏ် ၃နှစ်ကနေ ၅နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁သိန်း ပြစ်ဒဏ်ကျခံရဖို့ ရှိနေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *