အိုဟိုင်းရိုးပြည်နယ်ရှိ ကျောင်းတစ်ခုတွင် ဆယ်ကျော်သက်လူငယ် ၆ယောက် ၆လအတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

မကြာသေးမီ ရက်သတ္တပတ်အတွင်းက Hayden Porter အမည်ရှိ ၁၅နှစ်အရွယ် ကျောင်းသားတစ်ယောက်သည် ၆ကြိမ်မြောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျန်တဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု သုံးခုဟာ ဇန်နဝါရီလတွင်ဖြစ်ပွားခဲ့ပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိကြောင်း ရဲအရာရှိများက တွေ့ရှိခဲ့ပါတယ်။

 

ရဲအရာရှိ Michael Pomesky က ငါးရက်အတွင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု နှင့်ပတ်သတ်သည့် ဖုန်းအဝင်call ပေါင်း ၂ဒါဇင်ကျော် ဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သေဆုံးသူ Porter၏ အမေက သူမ၏ သားမှာ ကျောင်းတွင်အနိင်ကျင့် ခံခဲ့ရကြောင်း ရဲအရာရှိများအား ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ သူမ၏သား သေကြောင်းကြံလိမ့်မည် ဟုလည်းမထင်မှတ်ခဲ့ဘူးလို့ သူမကပြောပါတယ်။ Porter ၏ အဖေ ကလည်း Porterသည် သူနှင့် စကားကောင်းကောင်းမွန်မွန် ပြောခဲ့ပြီး အရာအားလုံး အဆင်ပြေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

Porter၏ သေကြောင်းကြံစည်မှုဟာ မိသားစု၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များအား အကျိုးသက်ရောက်မှု ရှိနေတာဖြစ်ပါတယ်။ ကျောင်းမှ တာဝန်ရှိသူများဟာ လူငယ်များအကြား ပြသနာများ ထပ်မပေါ်ပေါက်လာအောင် လူငယ်တို့၏ ပြဿနာများကို ဖြေရှင်းနားထောင်ပေးရန် အသင်းအဖွဲ့များ ထားရှိတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *