အိႏိၵယႏုိင္ငံ မြန္ဘိုင္းျမိဳ႕တြင္ ၃ထပ္တိုက္အေဆာက္အအံုျပိဳက်၊ လူ၇ ဦးေသဆံုးျပီး ပိတ္မိေနသူမ်ားရွိေန

အိႏိၵယႏုိင္ငံ မြန္ဘိုင္းျမိဳ႕မွာ ၃ထပ္ တုိက္ အေဆာက္အအံုျပိဳက်မႈေၾကာင့္ လူ၇ ဦးေသဆံုးျပီး ၁၅ ေယာက္ကို ေဆးရံုသို႕ အေရးေပၚပို႕ေဆာင္ထားရေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ျပိဳက်သြားတဲ့ ၃ထပ္တိုက္ အတြင္းမွာ ပိတ္မိေနသူေတြ ရွိေသးတယ္လို႕ ထုတ္ျပန္ထားျပီး အသက္ရွင္က်န္ရစ္မႈ ရွိ၊ မရွိကိုေတာ့ မသိရေသးပါဘူး။

မြန္ဘိုင္းျမိဳ႕မွာ တစ္ပတ္အတြင္း ေရၾကီးမႈႏႈန္းျမင့္တက္လာျပီး ေရလႊမ္းမိုးမႈေၾကာင့္လည္း တစ္ပတ္အတြင္း လူ ၅ဦးေသဆံုးခဲ့ပါတယ္။ အဆိုပါ ၃ထပ္ တိုက္ျပိဳက်ျခင္းဟာ သဘာ၀ေဘးအႏၱရာယ္ျဖစ္တဲ့ မိုးၾကီးေရလွ်ံတာေၾကာင့္ ဟုတ္ မဟုတ္ဆိုတာကိုေတာ့ မထုတ္ျပန္ရေသးပါဘူး။

ျပီးခဲ့တဲ့ ဂ်ဴလိုင္လအတြင္းမွာလည္း ၅ ထပ္တိုက္ ျပိဳက်မႈေၾကာင့္ လူေပါင္းတစ္ဒါဇင္ ေက်ာ္ခန္႕ ေသဆံုးခဲ့ရျပီး အေျမာက္အျမား ဒဏ္ရာရရွိခဲ့ပါတယ္။ အိႏိၵယႏုိင္ငံမွာ တိုက္အိမ္ေတြ ျပိဳက်မႈဟာ ႏွစ္စဥ္ႏွစ္တိုင္း ျဖစ္ေနျပီး ကန္ထရိုက္ တိုက္ အေျမာက္အျမားဟာ သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းနဲ႕ မကိုက္ညီေၾကာင္း သိရွိရပါတယ္။

ေမလအတြင္းမွာလည္း တိုက္ျပိဳက်မႈေၾကာင့္ လူေပါင္း ၂၄ ေယာက္ ေသဆံုးခဲ့ရပါတယ္။ ဒါေၾကာင့္ အိႏိၵယႏုိင္ငံရဲ႕ ေဆာက္လုပ္ေရးေလာက အေပၚ ေမးခြန္းထုတ္လာဖြယ္ရာရွိျပီး ကန္ထရိုက္အေတာ္မ်ားမ်ားကေတာ့ သတ္မွတ္စံခ်ိန္စံညႊန္းနဲ႕ မကိုက္ညီတဲ့အျပင္ အႏၱရာယ္လည္းရွိတယ္လို႕ ဆိုပါတယ္။

Unicode : အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၃ထပ်တိုက်အဆောက်အအုံပြိုကျ၊ လူ၇ ဦးသေဆုံးပြီး ပိတ်မိနေသူများရှိနေ

india

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ၃ထပ် တိုက် အဆောက်အအုံပြိုကျမှုကြောင့် လူ၇ ဦးသေဆုံးပြီး ၁၅ ယောက်ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရပါတယ်။ ဒါ့အပြင် ပြိုကျသွားတဲ့ ၃ထပ်တိုက် အတွင်းမှာ ပိတ်မိနေသူတွေ ရှိသေးတယ်လို့ ထုတ်ပြန်ထားပြီး အသက်ရှင်ကျန်ရစ်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

မွန်ဘိုင်းမြို့မှာ တစ်ပတ်အတွင်း ရေကြီးမှုနှုန်းမြင့်တက်လာပြီး ရေလွှမ်းမိုးမှုကြောင့်လည်း တစ်ပတ်အတွင်း လူ ၅ဦးသေဆုံးခဲ့ပါတယ်။ အဆိုပါ ၃ထပ် တိုက်ပြိုကျခြင်းဟာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မိုးကြီးရေလျှံတာကြောင့် ဟုတ် မဟုတ်ဆိုတာကိုတော့ မထုတ်ပြန်ရသေးပါဘူး။

ပြီးခဲ့တဲ့ ဂျူလိုင်လအတွင်းမှာလည်း ၅ ထပ်တိုက် ပြိုကျမှုကြောင့် လူပေါင်းတစ်ဒါဇင် ကျော်ခန့် သေဆုံးခဲ့ရပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ တိုက်အိမ်တွေ ပြိုကျမှုဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေပြီး ကန်ထရိုက် တိုက် အမြောက်အမြားဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီကြောင်း သိရှိရပါတယ်။

မေလအတွင်းမှာလည်း တိုက်ပြိုကျမှုကြောင့် လူပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ ဆောက်လုပ်ရေးလောက အပေါ် မေးခွန်းထုတ်လာဖွယ်ရာရှိပြီး ကန်ထရိုက်အတော်များများကတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့အပြင် အန္တရာယ်လည်းရှိတယ်လို့ ဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *