အီဂျစ်နိုင်ငံ Giza ပစ်ရမစ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နိုင်ငံခြား ဧည့်သည်ကားတစ်စီး ထိခိုက်

မေလ ၁၉ရက် တနင်္ဂနွေနေ့တွင် အီဂျစ်နိုင်ငံရှိ နိုင်ငံခြားခရီးသည်များ သွားရောက်မှုများပြားတဲ့နေရာတစ်ခုဖြစ်တဲ့ Giza ပစ်ရမစ်အနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုဗုံးပေါက်ကွဲမှုဟာ တောင်အာဖရိကမှ လာရောက် လည်ပတ်တဲ့ ခရီးသည်များအား တင်ဆောင်လာတဲ့ ကားကို ထိသွားခဲ့ပြီး ၁၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

တောင်အာဖရိကမှ ခရီးသည်များဟာ Giza မစ်ရမစ်ကိုသွားရောက်လည်ပတ်ရန်အတွက် Cairo လေဆိပ်မှဆင်းပြီး ကားဖြင့် ခရီးဆက်ခဲ့ရာ မရောက်မီ လမ်းခုလတ်မှာ ဗုံးပေါက်ကွဲမှု ခံခဲ့ရတယ်လို့သိရပါတယ်။ ဗုံးကွဲမှုကြောင့် ခရီးသည် တင်ကားရှိ မှန်များကွဲသွားသည့်အပြင် ခရီးသည်တင်ကားအနောက်တွင်ပါလာသော အီဂျစ်ရှိကားတချို့လည်း မှန် များကွဲသွားခဲ့တယ်လို့သိရပါတယ်။ ခရီးသည်တင်ကားတွင် ခရီးသည် ၂၅ဦးနှင့် ယာဉ်မောင်း ၃ဦး စုစုပေါင်း ၂၈ဦး လိုက် ပါလာပြီး အခင်းဖြစ်ပွားခဲ့မှုကြောင့် ခရီးသည် ၁၀ဦးထိခိုက်ဒဏ်ရာရရှိကာ အနီးအနားရှိ အီဂျစ်ပြည်သူ ၇ဦး စုစုပေါင်း ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အီဂျစ်ရှိ ကယ်ဆယ်ရေးအဖွဲ့များက Al-Haram ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်။ တရားခံ ဘယ်သူလဲဆိုတာတော့ အခုထိမသိရသေးပါဘူး။ အီဂျစ်အစိုးရအဖွဲ့ က တော့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအား ယခုအမှုနဲ့ ပတ်သက်ပြီး တရားခံ အစစ်ကို ဖော်ထုတ်ရန် အခင်းဖြစ်ပွားတဲ့ တနင်္ဂနွေနေ့တွင်ပဲ ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။အီဂျစ်တွင် လမ်းဘေး ဗုံးကွဲမှုဟာ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း Giza နယ်ထဲမှာပဲ လမ်းဘေး ဗုံး ကွဲမှုကြောင့် ဗီယက်နမ် ခရီးသည်များတင်လာသည့်ကား ထိခိုက်သွားခဲ့ပြီး ကားတွင်ပါလာသော ခရီးသည် ၃ဦးနှင့် အီ ဂျစ် ဧည့်လမ်းညွှန်တစ်ဦးတို့အပြင် အီဂျစ်ပြည်သူ ၇ဦး စုစုပေါင်း ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *