အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

အစိုးရကိုမကျေနပ်တဲ့ အီရတ်ပြည်သူများက ပြီးခဲ့တဲ့ အပတ်ကစတင်ခဲ့သော ဆန္ဒပြမှုဟာ တစ်နေ့တစ်ခြား အခြေ အ နေတင်းမာလာကာ လက်ရှိနောက်ဆုံး ရရှိထားတဲ့သတင်းအရ ဆန္ဒပြသူများဘက်မှ သေဆုံးသူ အနည်းဆုံး လူ (၄၀) လောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။

အီရတ်ပြည်သူများဟာ နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြနေကြတာဖြစ်ပြီး အဓိကကတော့ Baghdad မြို့မှာပဲဖြစ်ပါတယ်။ ဆန္ဒပြသူများဟာ အီရတ်နိုင်ငံအလံများကို ကိုင်ဆောင်ထားကြကာ နှစ်နဲ့ ချီပြီးအကြမ်းဖက်မှုတွေ ကြားမှာ နေထိုင် လာရခြင်းနှင့် စီးပွားရေး၊ အလုပ်အကိုင်အလွန်ကြပ်တည်းလာခြင်းတို့အပေါ်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။ လက်ရှိ မှာ ဆန္ဒပြသူများဟာ မြို့အလည်ရှိ Tahrir ရင်ပြင်ထဲတွင် တဲများထိုးပြီး စခန်းချထားကာ နေ့ရောညပါ ဆန္ဒပြမှု တွေပြုလုပ်နေကြပါတယ်။

အစိုးရကလည်း အောက်တိုဘာလ ၂၆ ရက် သောကြာနေ့တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ဆန္ဒပြသူများ၏ လို ချက်ကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာကို တိုင်ပင်နေကြပြီဖြစ်ပါတယ်။ အီရတ်အစိုးရကတော့ ဆန္ဒပြသူများကို ထိန်းချုပ်ရာတွင် လူကိုသေစေနိုင်တဲ့ သေနတ်ကိုမသုံးရန်နှင့် မတရားအင်အားအသုံးမပြုရန် မှာကြားထားတယ် လို့လည်း သိရှိရပါတယ်။ သို့သော်လည်း သောကြာနေ့က ရဲများဘက်မှ ပစ်ခဲ့တဲ့ မျက်ရည်ယိုဗုံးကြောင့် ၈ ဦးသေ ဆုံးခဲ့ရကာ စုစုပေါင်းသေဆုံးခဲ့သူ ၄၀ အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၂ထောင်ကျော် ရှိပြီးဖြစ်ကြောင်း ပြည် တွင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရသိရပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published.