အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲ တစ်ပတ်အတွင်းသေဆုံးသူ ၉၃ ဦးအထိရှိလာ

အောက်တိုဘာလဆန်းက အီရတ်မြို့တော် Baghdad မှာ စတင်ဖြစ်ပွားခဲ့သော အလုပ်လက်မဲ့ဦးရေတိုးပွားလာမှု၊ အ ခြေခံလစာများ မလုံလောက်မှု နှင့် အစိုးရအဖွဲ့အစည်းများ အကျင့်ပျက်ခြစားမှုတို့ကို ပြည်သူဘက်မှ ဆန္ဒပြမှု ဟာ တစ်နေ့ထပ်တစ်နေ့ ဆန္ဒပြသူဦးရေတိုးပွားလာပြီး ယခုဆိုလျှင် အီရတ် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ဆန္ဒပြမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြမ်းလာတဲ့အတွက် အကြမ်းဖက်မှုအသွင်သို့ပြောင်းလဲလာတဲ့ အပြင် ပြည်သူ နှင့် လုံခြုံရေးအဖွဲ့တို့ရဲ့ အကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေပါဖြစ်ပွားလာရပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခု အတွင်း အီရတ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွေထဲမှာ အကြီးမားဆုံး ဆန္ဒပြမှုပဲဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရ၏ ထုတ်ပြန်ချက်အရ အစိုးရ၏လုံခြုံရေးအဖွဲ့များနှင့် ဆန္ဒပြပြည်သူတို့အကြား သေဆုံးမှုဟာ တစ် ပတ်အတွင်း၉၃ဦးအထိ တိုးပွားလာခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူကတော့၃၉၇၈)ဦးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ အစိုးရဟာ ဆန္ဒပြမှုစတင်ဖြစ်ပွားပြီး မကြာမီမှာ ဆန္ဒပြသူပေါင်း၄၅၄ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာတော့ ၂၈၇ ဦး ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် ဝန်ကြီးချုပ် Adil Abdul-Mahdi ကလည်း ပြည်သူတွေ တောင်းဆို တဲ့ အရာတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးသွားမှာဖြစ်ကြောင်းလည်း ကတိပေးခဲ့ ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *