အီရတ်နှင့် အိုင်အက်စ်တို့ရဲ့ စစ်ပွဲဟာ အဆုံးသတ်သွားပါပြီး

နိုဝင်ဘာလ ၁၀ရက်နေ့တွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အာဘာဒီမှ ရုပ်မြင်သံကြားမိန့်ခွန်းတွင် အီရတ်တစ်နိုင်ငံလုံးကို အီရတ်အလံ လွင့်ထူနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ အီရတ်နှင့် အိုင်အက်စ်တို့ရဲ့ စစ်ပွဲဟာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရားက ဆီးရီးယားမှာ အိုင်အက်စ်ထိန်းချုပ်ထားတဲ့ ဒေသမရှိတော့သည့်အတွက် စစ်ရေးများပြီးဆုံးပြီဖြစ်ကြောင်း ကြေငြာလိုက်ပြီး ၂ရက်အကြာမှာ အီရတ်ဘက်မှလည်း ယခုလိုကြေငြာလိုက်တာဖြစ်ပါတယ်။

အီရတ်မှာ မိစ္ဆာသိမ်းပိုက်မှု အဆုံးသတ်သွားပြီးလို့ အမေရိကန်မှလည်း ပြောကြားပါတယ်။

နိုဝင်ဘာ ၁၀ရက်နေ့ကို အီရတ်ရဲ့ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်ပြီး ရုံပိတ်ရက်အဖြစ် ကြေငြာချက်ထုတ်ထားတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *