အီရန်က အမေရိကန်ရဲ့ မောင်းသူမဲ့ Drone လေယာဉ်တစ်စင်းကို ပစ်ချ

ဇွန်လ ၂၀ရက် ကြာသပတေးနေ့ မနက်တွင် အီရန်စစ်တပ်က အမေရိကန်မောင်းသူမဲ့ Drone လေယာဉ်တစ်စင်းကို သူတို့၏ နယ်နိမိတ်ထဲဝင်လာသဖြင့် ပစ်ချလိုက်တာဖြစ်ကြောင်း အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ သိရှိရပါတယ်။ အီရန်ရဲ့ ပြောပြချက်အရ ကြာသပတေးနေ့မနက် အစောပိုင်းတွင် Hormozgan ရေလက်ကြား တောင်ဘက်ရှိ Kuhmobarak မြို့ အနီးသို့ အမေရိကန်ရဲ့ RQ-4 Global Hawk Drone လေယာဉ်တစ်စင်း နယ် ကျော်လာသဖြင့် ပစ်ချလိုက်တာဖြစ်ကြောင်း သိရှိရပါတယ်။

အမေရိကန်ကတော့ အီရန်ဟာ အမေရိကန်ရတပ်ရဲ့ MQ-4C Triton Drone လေယာဉ်တစ်စင်းကို ကြာသပတေးနေ့က ပစ်ချခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးတင်းမာမှုဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက စတင် ခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပိုမိုတင်းမာလာခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်ဘက်မှ စစ်သား(၁၀၀၀)ကို အီရန် နယ်စပ်သို့ ပို့ဆောင်ပြီး အသင့်အနေအထားဖြင့် စောင့်နေပြီးဖြစ်ပါတယ်။ အီရန်က ဗုဒ္ဓဟူးနေ့တွင် သူတို့၏ လေ ကြောင်း ဧရိယာထဲသို့ဝင်လာတဲ့ တရားမဝင်သည့် မည်သည့်နိုင်ငံက လေယာဉ်တွေကိုမဆို အမေးအမြန်မရှိ ပစ်ချမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကြာသပတေးနေ့တွင် အမေရိကန်၏ Drone လေယာဉ်ပစ် ချခံထိသွားတာ ဖြစ်ပါ တယ်။

အီရန်ဟာအမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို ခံရပြီးနောက်ပိုင်းတွင် ကြပ်တည်းမှုတွေဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် အီရန်နဲ့အမေရိကန်ကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့နိုင်ငံများက သဘောတူ ထားတဲ့ ယူရေနီယမ် ထုတ်လုပ်ခွင့် ရာခိုင်နှုန်းထက် ပိုမိုပြီး အီရန်က ထုတ်လုပ်ခဲ့တဲ့အတွက်အမေရိကန်က သတိပေးပြီး အီရန်ရဲ့ နယ်စပ်မှာအမေရိကန် စစ်သင်္ဘောများကို ပို့ခဲ့ပါတယ်။ ထို့အပြင် အီရန်ဟာ ယခုလအတွင်းမှာပဲ ရေနံတင် သင်္ဘောများကို တိုက်ခိုက်တာ (၄)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်တယ်လို့အမေရိကန်ကပြောသော်လည်း အီရန်ကတော့ ဒါဟာ သူတို့ကို သမင်လုပ်ကြံပြောဆိုတာဖြစ်ကြောင်းနှင့် သူတို့လုပ်တာမဟုတ်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ အီရန်နဲ့ အမေရိကန်တို့အကြားရှိ စစ်ရေးတင်းမာမှုတွေဟာ တစ်စနဲ့တစ်စ ပိုမိုတင်းမာလာခဲ့တာဖြစ်ပြီး တကယ်ပဲ နှစ် နိုင်ငံကြားစစ်မက်ဖြစ်ပွားလာလေမလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *