အီရန်နှင့် စစ်ရေးတင်းမာမှုကြောင့် အမေရိကန်က ကာတာသို့ F-22 တိုက်လေယာဉ်များကိုစေလွှတ်

ဇွန်လ ၂၇ရက် ကြာသပတေးနေ့တွင် ကာတာရှိ Al Udeid လေကြောင်းတပ်ရင်းသို့ အမေရိကန်F-22 ကိုယ်ပျောက် တိုက်လေယာဉ်များကို စေလွှတ်ထားကြောင်းအမေရိကန် လေတပ်ရဲ့ ဇွန်လ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရပါ တယ်။ ပို့ထားတဲ့ တိုက်လေယာဉ်အရေအတွက်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဓာတ်ပုံမှတ်တမ်းများအရ ဒေသခံ မီဒီ ယာများက (၅)စင်းနဲ့အထက်ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

အမေရိကန်F-22တိုက်လေယာဉ်များဟာHormuzရေလက်ကြားမှာအီရန်က အမေရိကန်ဒရုန်း တစ်စင်းကို surface-to-airဒုံးကျည်ဖြင့်ပစ်ချပြီးတစ်ပတ်အကြာတွင်ရောက်ရှိလာတာဖြစ်ပါတယ်။ F-22ကိုစေလွှတ်ရတဲ့အဓိကရည် ရွယ် ချက်က အီရန်အသုံးပြုခဲ့တဲ့Tehran’s surface-to-air ဒုံးကျည်ကို ဖြိုခွင်းဖို့အတွက် ပဲဖြစ်ပါတယ်။ Tehran’s surface-to-air ဒုံးကျည်ဟာ လေယာဉ်များကို ပစ်ချဖို့အတွက် အကောင်းဆုံးသော လေကြောင်းကာကွယ်ရေး ဒုံးလက်နက်ပဲ ဖြစ် ပါတယ်။ဒါ့ကြောင့် အမေရိကန်က ဝေဟင်တွင်သာမက၊ဝေဟင်ကနေမြေပြင်ကိုပါပစ်ခတ်နိုင်တဲ့ ဒုံးလက်နက် တွေတပ်ဆင် ထားတဲ့ F-22 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို စေလွှတ်လိုက်တာဖြစ်ကြောင်း သိရှိရပါတယ်။

အီရန်ဟာ ဒီလအတွင်း Hormuz ရေလက်ကြားတွင် ရေနံတင်သင်္ဘော (၂)စီးအား ဗုံးဖောက်ခွဲမှု၊ အမေရိကန်ဒရုန်း ကိုပစ်ချမှု အပါအဝင် ပြီးခဲ့တဲ့လက အာရပ်စောဘွားများ ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘော (၄)စီးတို့ကို တိုက်ခိုက် မှုတို့ကြောင့် အမေရိကန်နဲ့ အီရန်တို့ စစ်ရေးအရ တင်းမာမှုတွေတိုးပွားလာခဲ့ပါတယ်။ အီရန်ကတော့ ကုန်တင် သင်္ဘောများနှင့် ပတ်သက်လို့ သူတို့လုပ်တာမဟုတ်တဲ့အတွက် တာဝန်မယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်က Washington တစ်ဝိုက်ရှိ လေယာဉ်တင်စစ်သင်္ဘောများ၊ B-52 Bomber များစုစုပေါင်း စစ် အင်အား ၂သောင်းအပြင် ယခုနောက်ဆုံး F-22 ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ ထပ်မံပို့ဆောင် လိုက်ပြီး ဖြစ်ပါ တယ်။

ဒါ့ကြာင့် Al Udeid လေကြောင်းတပ်ရင်းမှ စစ်အင်အားများအပါအဝင် ပို့ဆောင်ထားသော စစ်အင်းအားများ ခန့်မှန်း ခြေအားဖြင့် ၁သိန်း ၁သောင်း ဝန်းကျင်လောက် ရှိနေပြီဖြစ်ပါတယ်။ဒါဟာ အရှေ့အလယ်ပိုင်းကို ပို့ဆောင်ခဲ့တဲ့ အမေရိ ကန်စစ်အင်အားတွေထဲမှာ အကြီးဆုံး စစ်အင်အားဖြစ်နေတဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ အထူး စိတ်ဝင်စားဖွယ်ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *