အီရန်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကို ကယ်ဆယ်ရေးတွေ ရှာဖွေနိုင်ပြီ

ဖေဖော်ဝါရီလ ၁၈ရက်နေ့က အီရန်နိုင်ငံ Tehran ကနေ Isfahan ခရိုင် Yasuj မြို့ကို သွားတဲ့ Aseman လေကြောင်းလိုင်းဟာ Zagros တောင်တန်းပေါ်မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်းများ အပါအဝင်အားလုံး ၆၅ဦး လိုက်ပါသွားပြီး အားလုံး သေဆုံးလိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားတာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့စဉ်က လေပြင်းများ တိုက်ခက်နေပြီး နှင်းကျနေသည့်အပြင် မြူတွေပါထူနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန်အတွက် အခက်အခဲဖြစ်နေခဲ့ပါတယ်။

သို့သော် မနေ့က ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ ကယ်ဆယ်ရေးအဖွဲ့တွေ လေယာဉ်ပျက်ကျတဲ့ နေရာကို သွားရောက်နိုင်ခဲ့ပြီးလို့ အီရန်အစိုးရ သတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ၎င်းလေယာဉ်ပျက်ကျမှုကို ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres တို့က စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်ဟာ ဆယ်စုနှစ်နဲ့ ချီပြီးပိတ်ဆို့မှုကို ခံထားရတာကြောင့် လေယာဉ်တွေကို ပြုပြင်ဖို့ ပစ္စည်းတွေ ဝယ်ယူလို့မရဖြစ်နေသလို ဟောင်းနွမ်းနေတဲ့ လေယာဉ်များကိုသာ အသုံးပြုနေကြရတဲ့အတွက် မတော်တဆမှုတွေက တိုးပွားလာနေရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *