အီသီယိုပီးယားလေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျ၊လေယာဉ်ပေါ်ပါလာသူအားလုံးသေဆုံး

အီသီယိုလေကြောင်းလိုင်းပိုင် ခရီစဉ်အမှတ် ET 302၊ ဘိုရင်း 737-800MAX လေယာဉ်တစ်စီးဟာ ဒီနေ့နံက်ပိုင်းက Addis Ababa မြို့တော်က Bishoftu မြို့အနီးမှာပျက်ကျသွားခဲ့တဲ့ အတွက် လေယာဉ်ပေါ်ပါလာတဲ့ နိုင်ငံပေါင်း၃၃ နိုင်ငံ မှ ခရီးသည်ပေါင်း ၁၄၉ဦးအပါအဝင် လေယာဉ်အမှုထမ်း ၈ ဦး၊စုစုပေါင်း ၁၅၇ ဦးသေဆုံးသွားကြောင်းသတင်း ရရှိ ပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၈နာရီ ၃၀မိနစ်မှာ Addis Ababa မြို့တော် Bole လေဆိပ်ကနေ နိုင်ရိုဘီကို စတင်ထွက်ခွါလာခဲ့တာဖြစ်ပြီး နံနက် ၈နာရီ ၄၄ မိနစ်လောက်စပြီးလေဆိပ်တာဝါနဲ့ အဆက်အသွယ် ပြတ် တောက်သွားခဲ့တာဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ စတက်ချိန်ကစပြီး ဒေါင်လိုက်ပျံတက်တဲ့ အမြန်နှုန်းတည်ြင်မ်မှုမရှိဘူးလို့ လေယာဉ်ပျံသန်းတဲ့ လမ်း ကြောင်းဆိုင်ရာဝက်ဆိုက်တစ်ခုဖြစ်တဲ့ Flightradar24 က သူ့ရဲ့တွစ်တာပေါ်မှာရေးသားခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး အသက်ရှင် ကျန်ရစ်သူတွေနဲ့ အခြားဖြစ်နိုင်ခြေရှိတာတွေကို အတည်ပြုပြောခဲ့ခြင်းမရှိပါဘူး။
နိုင်ရိုဘီလေဆိပ်မှာတော့ တာဝန်ရှိသူတွေဆီက ဘာသတင်းမှမရတဲ့ အတွက်ခရီးသည်တွေ ဂိတ်ပေါက်မှာပဲ စောင့် ဆိုင်းနေကြပါတယ်။ အီသီယိုပီးယားဝန်ကြီးချုပ်ရုံးကတော့ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့မိသားစုတွေဆီကို တွစ်တာကတဆင့် ဝမ်းနည်းကြောင်းသတင်းစကားကို ပြောကြားခဲ့ပါတယ်။ဒီလေယာဉ်ဟာ နိုင်ငံပိုင် အကြီးဆုံး လေယာဉ် ဖြစ်ပြီး မနှစ်ကအထိ ခရီးသည်ပေါင်း ၁၀.၆ သန်းကို သယ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလေယာဉ်လိုပဲ အမျိုး အစားတူ Lion air လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာလည်း အောက်တိုဘာ ၂၉ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာဗားပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အတွက် ခရီးသည်ပေါင်း ၁၈၉ဦး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

Source:NDTV

Leave a comment

Your email address will not be published.