အိုင်ယာလန် မြောက်ပိုင်း အရေးအခင်း ဆွေးနွေးပွဲအတွက် အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က ထရီစာမေနဲ့ တွေ့ဆုံ

သူတို့နှစ်ဦးဟာ ဒေါင်းဝင်းလမ်းမှာ အိုင်ယာလန် မြောက်ပိုင်းရဲ့ နိုင်ငံရေး အရေးအခင်းနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖို့ တွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးမစခင် အပြင်ဘက်မှာ သူဟာဓါတ်ပုံဆရာကို လက်ပြပြီး ပြုံးပြပါတယ်။ နောက်ပြီး ခဏရပ်ပြီး အပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ နံပါတ် ၁၀ ရဲကို လက်ဆွဲနှုတ်ဆက်ပါတယ်။

သူနဲ့ ထရီစာမေတို့ဟာ စင်ဖန် နဲ့ DUP တို့ရဲ့ ရှေ့ဆက်မတိုးတော့မယ့် အခြေအနေတွေအကြောင်းဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရပြီး ဒီအခြေအနေဟာ စတောမွန့် မြို့ကို ဦးဆောင်တဲ့သူတွေမရှိနေတာ ဇန်န၀ါရီလကတည်းက ဖြစ်နေစေခဲ့ပါတယ်။ ကလင်တန်ဟာ ဂွတ်ဖရိုက်ဒေး သတောတူညီ နောက်ကွယ်ကနေ လုပ်ဆောင်နေတဲ့ သြဇာရှိတဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ ကို အဆုံးသတ်စေခဲ့တဲ့ သဘောတူညီချက်တစ်ခုလည်းဖြစ်ပါတယ်။

သူဟာ ဒီကနေ့မှာ အစည်းအဝေးတက်ဖို့အတွက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သတင်းထောက်တွေကို “ ကျွန်တော်တို့နှစ်ယောက်ဟာ အရမ်းကိုကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်” ဆိုတာပြောဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေက ဘရက်စစ်ရဲ့ ဖြစ်စဉ်တွေအပေါ်မှာ တွန်းအားပေးရာရောက်နေမှာဖြစ်ပြီး “သူတို့နှစ်ဦးဟာ ဒီအတွက်တော့ အများကြီးမပြောဖြစ်လိုက်ပါဘူးတဲ့။ ဘရက်စစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အချိန်သိပ်မရလိုက်ဘူးလို့” သူမကပြောပါတယ်။

သူဟာ ဒီအပတ်အစောပိုင်းတုန်းက DUP ခေါင်းဆောင် အာလီနီ ဖိုးစတာ၊ စင်ဖန်း သမ္မတ ဂရေး အက်ဒန် နဲ့ အစည်းအဝေး ဦးဆောင်သူ မီရှဲလ် အိုနီးလ် တို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာတော့ ဘယ်လိုမှ တိုးတက်လာမယ့် အခြေအနေအရိပ်အယောင်တော့မတွေ့ရပါဘူး။ အိုင်ယာလန်မြောက်ပိုင်း အတွင်းရေးမှုး ဂျိမ်း ဘရောက်ကမ်းရှိင်းယား က ဖြေရှင်းဖို့အတွက် အခွင့်အရေးက “အကောင်းဘက်တော့ဖြစ်လာမှာမဟုတ်ဘူး” လို့ သောကြာနေ့က သတိပေးလိုက်ပါသေးတယ်။

သူဒီလို တွေ့ဆုံဖြစ်တာဟာ ဟီလာရီကလင်တန်က UK ကို ခရီးစဉ်တစ်ခုအနေနဲ့ လာတဲ့အတွက် အတူတူလိုက်ပါလာတာဖြစ်ပါတယ်။ သူမဟာ သူ့ရဲ့ စာအုပ်ကိုအရောင်းမြှင့်တင်ဖို့လာတာဖြစ်ပြီး စာအုပ်ရဲ့အကြောင်းအရာကတော့ ဒေါ်နယ်ထရမ့်ကို ၂၀၁၆ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဘာဖြစ်ခဲ့လဲဆိုတာ ကို ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။

Source: Sky News

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *