အေမရိကန္ကို တိုက္ခိုက္ပါက ကိုယ့္ကိစၥကိုယ္တာ၀န္ယူရန္ တရုတ္မွ ေျမာက္ကိုးရီးယားအား သတိေပး

ယခုလအတြင္း အေမရိကန္ႏွင့္ ေျမာက္ကိုးရီးယားတို႕၏ စစ္ေရးတင္းမာမႉပိုမိုျမင့္တက္လာျပီး ၾသဂုတ္လ အလယ္တြင္ ဂူနအန္းေဒသ အား ေျမာက္ကိုးရီးယားမွ ဒံုးက်ည္ ၄ စင္းျဖင့္ တိုက္ခိုက္ရန္ ႏိုင္ငံပိုင္သတင္းစာျဖစ္ေသာ KCNA  မွ ေၾကျငာခဲ့သည္။

ထိုအေရးကိစၥႏွင့္ပတ္သတ္၍ တရုတ္မွ ေျမာက္ကိုးရီးယားအား သတိေပးလိုက္ျပီး အကယ္၍ ျဖစ္လာပါက ကူညီမည္ မဟုတ္ေၾကာင္း ကိုယ့္ကိစၥ ကိုယ္တာ၀န္ယူရန္ ေလးနက္စြာ သတိေပးခဲ့သည္။ ေျမာက္ကိုးရီးယား၏ လုပ္ရပ္သည္ မိမိတို႕ႏွင့္ မသက္ဆိုင္ေၾကာင္း၊ ျဖစ္လာေသာ ျပႆနာမ်ားႏွင့္ပတ္သတ္၍ မည္သည့္ကိစၥကိုမွ ကူညီေျဖရွင္းညိွႏိႉင္းေပးမည္ မဟုတ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

အေမရိကန္ႏွင့္ ေျမာက္ကိုးရီးယားႏွစ္ ႏိုင္ငံလံုးအား တရုတ္မွ သတိေပးထားျပီး မည္သူ႕ဘက္ကမွ စတင္ပစ္ခတ္ျခင္း မျပဳ လုပ္ၾကဖို႕ ညိိႏိႉင္းထားပါတယ္။ ႏွစ္ဖက္လံုး၏ မဆင္မျခင္ျပဳလုပ္မႉမ်ားက ကိုးရီးယားကြ်န္းဆြယ္တစ္ခုလံုးအား ထိခိုက္မည့္အျပင္ တရုတ္အေနျဖင့္ မည္သည့္ဘက္ကမွ ေနမည္မဟုတ္ေၾကာင္း တရုတ္၏ သေဘာထားကို ထုတ္ျပန္ခဲ့သည္။

အကယ္၍ အေမရိကန္မွ ေျမာက္ကိုးရီးယားသို႕ စတင္က်ဴးေက်ာ္တိုက္ခုိက္ပါက တရုတ္အေနျဖင့္ ေျမာက္ကိုးရီးယားအား ကူညီေပးမည္ျဖစ္ျပီး ေျမာက္ကိုးရီးယားမွ အေမရိကန္သို႕ စတင္တိုက္ခိုက္ပါက တရုတ္အေနျဖင့္ အေမရိကန္ကို ကူညီရလိမ့္မည္ဟု သေဘာထားထုတ္ျပန္ခဲ့သည္။ တရုတ္ႏုိင္ငံသည္ မည္သည့္ဘက္ကမွ လိုက္ျခင္းမဟုတ္ဘဲ စတင္တိုက္ခိုက္ျခင္း ခံလိုက္ရသည့္ဘက္က ကူညီေပးျခင္းသာ ျဖစ္တယ္လို႕ တရုတ္ႏိုင္ငံျခားေရးရာ၀န္ၾကီးမွ ထုတ္ျပန္လိုက္ပါတယ္။

Unicode:အမေရိကန်ကို တိုက်ခိုက်ပါက ကိုယ့်ကိစ္စကိုယ်တာဝန်ယူရန် တရုတ်မှ မြောက်ကိုးရီးယားအား သတိပေး

china

ယခုလအတွင်း အမေရိကန်နှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးတင်းမာမှူပိုမိုမြင့်တက်လာပြီး သြဂုတ်လ အလယ်တွင် ဂူနအန်းဒေသ အား မြောက်ကိုးရီးယားမှ ဒုံးကျည် ၄ စင်းဖြင့် တိုက်ခိုက်ရန် နိုင်ငံပိုင်သတင်းစာဖြစ်သော KCNA  မှ ကြေငြာခဲ့သည်။

ထိုအရေးကိစ္စနှင့်ပတ်သတ်၍ တရုတ်မှ မြောက်ကိုးရီးယားအား သတိပေးလိုက်ပြီး အကယ်၍ ဖြစ်လာပါက ကူညီမည် မဟုတ်ကြောင်း ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူရန် လေးနက်စွာ သတိပေးခဲ့သည်။ မြောက်ကိုးရီးယား၏ လုပ်ရပ်သည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ ဖြစ်လာသော ပြဿနာများနှင့်ပတ်သတ်၍ မည်သည့်ကိစ္စကိုမှ ကူညီဖြေရှင်းညှိနှိူင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုးရီးယားနှစ် နိုင်ငံလုံးအား တရုတ်မှ သတိပေးထားပြီး မည်သူ့ဘက်ကမှ စတင်ပစ်ခတ်ခြင်း မပြု လုပ်ကြဖို့ ညိနှိူင်းထားပါတယ်။ နှစ်ဖက်လုံး၏ မဆင်မခြင်ပြုလုပ်မှူများက ကိုးရီးယားကျွန်းဆွယ်တစ်ခုလုံးအား ထိခိုက်မည့်အပြင် တရုတ်အနေဖြင့် မည်သည့်ဘက်ကမှ နေမည်မဟုတ်ကြောင်း တရုတ်၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။

အကယ်၍ အမေရိကန်မှ မြောက်ကိုးရီးယားသို့ စတင်ကျူးကျော်တိုက်ခိုက်ပါက တရုတ်အနေဖြင့် မြောက်ကိုးရီးယားအား ကူညီပေးမည်ဖြစ်ပြီး မြောက်ကိုးရီးယားမှ အမေရိကန်သို့ စတင်တိုက်ခိုက်ပါက တရုတ်အနေဖြင့် အမေရိကန်ကို ကူညီရလိမ့်မည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် မည်သည့်ဘက်ကမှ လိုက်ခြင်းမဟုတ်ဘဲ စတင်တိုက်ခိုက်ခြင်း ခံလိုက်ရသည့်ဘက်က ကူညီပေးခြင်းသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးရာဝန်ကြီးမှ ထုတ်ပြန်လိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *