



Unicode : အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြုံးနေသည့်ပုံစံ ဆေးပြားများ ဖမ်းမိ

pill

ဂျာမန် ရဲတွေက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပုံနဲ့ထုတ်ထားတဲ့ ဆေးပြားပေါင်း ၅ ထောင် ကျော်ကို ဒီကနေ့မှာ လက်ရဖမ်းဆီးလိုက်ပါတယ်။ ဆေး တွေရဲ့ တန်ဖိုးက ယူရိုငွေ တစ်သောင်းလောက် တန်ဖိုးရှိပါတယ်။

“ ဆေးပြားထုတ်တဲ့ စက်ကို ရှာဖွေဖမ်းဆီးဖို့ လုပ်နေချိန်မှာပဲ အမေရိကန် သမ္မတ ပုံနဲ့ ထုတ်ထားတဲ့ ဆေးပြားပေါင်း ၅ ထောင် ကျော်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဝယ်ယူရတဲ့ဈေးနှုန်းက ခန့်မှန်းခြေ ယူရိုငွေ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ၊ ဒေါ်လာငွေ ၁၂၉၀၀ ( တစ်သောင်းနှစ်ထောင်ကိုးရာ )လောက်ရှိပါတယ်။ ရောင်းဈေးအနေနဲ့ ယူရိုငွေ ၃၉၀၀၀ ( သုံးသောင်းကိုးထောင် ) လောက်ရှိပါတယ်လို့” ဖော်ပြချက်မှာပါရှိပါတယ်။

ဆေးထုတ်လုပ်သူဖြစ်တဲ့ အသက် ၅၁ နှစ်ရှိတဲ့ ဖခင်ဖြစ်သူနဲ့ အသက် ၁၇ နှစ်ရှိတဲ့ သူ့ရဲ့ သား ကို လာမယ့် တနင်္ဂနွေ နေ့မှာ ရုံးထုတ်သွားဖို့ ရှိပြီး ဖမ်းဝရမ်းကို လည်းထုတ်ပြန်ထားပြီဖြစ်ပါတယ်။

Published
Categorized as News

Leave a comment

Your email address will not be published.