အမေရိကန်အနေဖြင့် မြောက်ကိုးရီးယားအား တိုက်ခိုက်ရန်စီမံပါက တောင်ကိုးရီးယား၏ အတည်ပြုချက် ရယူရန်လိုကြောင်း ပြောကြား
Unicode : အမေရိကန်အနေဖြင့် မြောက်ကိုးရီးယားအား တိုက်ခိုက်ရန်စီမံပါက တောင်ကိုးရီးယား၏ အတည်ပြုချက်ယူရန်လိုကြောင်း ပြောကြား
james-mattis
အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့၏ နှစ်နိုင်ငံစစ်ရေးတင်းမာမှုများဟာ အမြင့်ဆုံးရောက်ရှိနေပြီး ဂူအန်းကျွန်းအား ပစ်ခတ်ပါက မြောက်ကိုးရီးယားကို မီးကုန်ယမ်းကုန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံ ကာကွယ်ရေးစစ်ဌာနချုပ်အတွင်းရေးမှှူး ဂျိမ်းစ် မတ်တစ်စ် က ” ဖြစ်လာမယ့် အကျိုးဆက်တွေကို မရင်ဆိုင်ချင်ရင် မြောက်ကိုးရီးယားအနေနဲ့ ပစ်ခတ်မှုတွေ မလုပ်တာ အကောင်းဆုံးပါဘဲ ” ဟု သတိပေးပြောဆိုခဲ့သည်။ အဆိုပါ စကားနှင့်ပတ်သတ်၍ တောင်ကိုးရီးယားသမ္မတမှ ” မြောက်ကိုးရီးယားကို တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ရင် တောင်ကိုးရီးယားရဲ့ အတည်ပြုချက်ကို အရင်ဆုံးရယူရမယ်၊ ကိုးရီးယားကျွန်းဆွယ်တစ်ခုလုံးရဲ့ ကံကြမ္မာကို ကိုးရီးယားတွေဘဲ ဆုံးဖြတ်ရမယ် ” ဟု သတိပေးပြောဆိုခဲ့သည်။
Leave a comment
Your email address will not be published. Required fields are marked *