အေမရိကန္ႏွင့္ ေတာင္ကိုးရီးယား အတူပူးတြဲ စစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုးရီးယားမွ ျပင္းထန္စြာ သတိေပး

အေမရိကန္နဲ႕ ေတာင္ကိုးရီးယားတို႕ရဲ႕ ပူးတြဲစစ္ဆင္ေရး ေလ့က်င့္မႈဟာ စစ္ပြဲျဖစ္ေစဖို႕ တြန္းအားေပးေနတာ ျဖစ္တယ္လို႕ ေျမာက္ကိုးရီးယားမွ ထုတ္ျပန္လုိက္ပါတယ္။

ကိုးရီးယားကြ်န္းဆြယ္မွာ အေမရိကန္ေတြရဲ႕ စစ္ေရးေလ့က်င့္မႈဟာ ဘယ္လိုမွ ေနာက္ျပန္လွည့္လို႕မရတဲ့ ႏ်ဴကလီးယားစစ္ပြဲကို ဦးတည္ေနတယ္လို႕ ေျမာက္ကိုးရီးယားမွ ေျပာလုိက္လိုက္ပါတယ္။ ေျမာက္ကိုးရီးယားဟာ အေမရိကန္ပိုင္ ဂူအန္းကြ်န္းသာမက ဟာ၀ိုင္အီကြ်န္းနဲ႕ အေမရိကန္ျပည္ေထာင္စုအထိကို အခ်ိန္မေရြးပစ္ခတ္တိုက္ခိုက္ ႏုိင္ေနျပီဆိုတာ သိထားသင့္ေၾကာင္း ထုတ္ျပန္လုိက္ပါတယ္။

ေျမာက္ကိုးရီးယားအေနနဲ႕ ကရုဏာကင္းမဲ့စြာနဲ႕ တုံ႕ျပန္ရမည္ျဖစ္ေၾကာင္း KCNA သတင္းစာမွ ထုတ္ျပန္လိုက္သည္။ ေျမာက္ကုိးရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းက ” အေမရိကန္ေတြရဲ႕ မိုက္မဲတဲ့ လုပ္ရပ္ေတြကို ခဏေလာက္ေစာင့္ၾကည့္အံုးမယ္ ” ဟု ေျပာခဲ့သည္။

ေတာင္ကိုးရီးယားႏွင့္ အေမရိကန္တို႕၏ ပူးတြဲစစ္ေရးေလ့က်င့္မႈသည္ အခ်ိန္ ၁၀ ရက္ တိတိ သတ္မွတ္ထားျပီး ေျမာက္ကိုးရီးယားအေနျဖင့္ ထို စစ္ေရးေလ့က်င့္မႈကို ထပ္မံသတိေပးလိုက္ျခင္း ျဖစ္သည္။

Unicode : အမေရိကန်နှင့် တောင်ကိုးရီးယား အတူပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားမှ ပြင်းထန်စွာ သတိပေး

kim-jong-un

အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ရဲ့ ပူးတွဲစစ်ဆင်ရေး လေ့ကျင့်မှုဟာ စစ်ပွဲဖြစ်စေဖို့ တွန်းအားပေးနေတာ ဖြစ်တယ်လို့ မြောက်ကိုးရီးယားမှ ထုတ်ပြန်လိုက်ပါတယ်။

ကိုးရီးယားကျွန်းဆွယ်မှာ အမေရိကန်တွေရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဘယ်လိုမှ နောက်ပြန်လှည့်လို့မရတဲ့ နျူကလီးယားစစ်ပွဲကို ဦးတည်နေတယ်လို့ မြောက်ကိုးရီးယားမှ ပြောလိုက်လိုက်ပါတယ်။ မြောက်ကိုးရီးယားဟာ အမေရိကန်ပိုင် ဂူအန်းကျွန်းသာမက ဟာဝိုင်အီကျွန်းနဲ့ အမေရိကန်ပြည်ထောင်စုအထိကို အချိန်မရွေးပစ်ခတ်တိုက်ခိုက် နိုင်နေပြီဆိုတာ သိထားသင့်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ ကရုဏာကင်းမဲ့စွာနဲ့ တုံ့ပြန်ရမည်ဖြစ်ကြောင်း KCNA သတင်းစာမှ ထုတ်ပြန်လိုက်သည်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ” အမေရိကန်တွေရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကို ခဏလောက်စောင့်ကြည့်အုံးမယ် ” ဟု ပြောခဲ့သည်။

တောင်ကိုးရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အချိန် ၁၀ ရက် တိတိ သတ်မှတ်ထားပြီး မြောက်ကိုးရီးယားအနေဖြင့် ထို စစ်ရေးလေ့ကျင့်မှုကို ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *