


n-r-c-u



Unicode : အမေရိကန်နှင့် မြောက်ကိုးရီးယား စစ်ရေးတင်းမာမှုအခြေအနေကြောင့် ရုရှားမှ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေ

russia-us-china

ဧပြီလ ထဲကစပြီး အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးတင်းမာမှု အခြေအနေဟာ တစ်ဖြည်းဖြည်းနဲ့ တင်းမာလာပြီး အမြင့်ဆုံးတင်းမာမှု အခြေအနေရောက်ရှိနေပြီ ဖြစ်တယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အမြင်မတူတာတွေကို ညှိနှိုင်းမှသာလျှင် ပြဿနာကြီးကြီးမားမား မဖြစ်စေမှာပါလို့ ရုရှားက ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ” ဒီကိစ္စအတွက် တရုတ်မှာ အဖြေရှိမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ တင်းမာမှု အမြင့်ဆုံး အခြေအနေရောက်ရှိနေပါပြီ။ ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မခန့်မှန်းချင်ပါဘူး။ အကယ်၍များ တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ဒါကို တားဆီးဖို့ကြိုးစားရပါမယ် ” လို့ ပြောခဲ့ပါတယ်။

n-r-c-u

တစ်ဆက်ထဲမှာဘဲ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ” တရုတ်နဲ့ရုရှားတို့ ပူးပေါင်းရေးဆွဲထားတဲ့ အစီအစဉ်ထဲကို အမေရိကန်နဲ့ မြောက်ကိုးရီးယား ပါဝင်ခဲ့မယ်ဆိုရင် အမေရိကန်အနေဲ့ မြောက်ကိုးရီးယားရဲ့ နျူကလီးယားဒုံးကျည် စမ်းသပ်မှုကို ရပ်တန့်နိုင်မှာ ဖြစ်ပြီး မြောက်ကိုးရီးယားတို့ စိုးရိမ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကိုလည်း ရပ်တန့်နိုင်မှာ ဖြစ်ပါတယ် ” လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့အခေါက်က အမေရိကန်နဲ့တောင်ကိုးရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုးရီးယားကို ဆွပေးသလိုဖြစ်ပြီး တင်းမာမှုတွေကို ပိုမိုမြင့်တက်စေတဲ့အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းရေးဆွဲထားတဲ့ အစီအစဉ်ထဲကို မြောက်ကိုးရီးယားနဲ့ အမေရိကန်သာ လက်မှတ်ရေးထိုးပါဝင်ခဲ့မယ်ဆိုရင် တင်းမာမှုတွေကို ဖြေလျော့ပြီးသား ဖြစ်လိမ့်မယ်လို့ ရုရှားတို့က ပြောလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *