အေမရိကန္ စပိုင္ေလယာဥ္မွ ေျမာက္ကိုးရီးယားနယ္ေျမအနီးသို႕ နီးကပ္စြာပ်ံသန္း၍ ေထာက္လွမ္းမႈမ်ား ျပဳလုပ္

ေျမာက္ကိုးရီးယားမွ အေမရိကန္ပိုင္ ဂူအန္းသို႕ ပစ္ခတ္မည့္အစီအစဥ္ဆိုင္းငံ့လိုက္၍ ႏွစ္ႏိုင္ငံ တင္းမာမႈ အနည္းငယ္ ေလာ့်သြားေသာ္လည္း တင္းမာမႈမ်ားမွာ ဆက္လက္၍ တည္ရွိေနဆဲပင္ျဖစ္သည္။ အေမရိကန္ စပုိင္ေလယာဥ္မွ အခ်င္းပြားမႈမ်ား ျမင့္တက္ေနသည့္ ကိုးရီးယားကြ်န္းဆြယ္အေပၚမွ ေျမာက္ကိုးရီးယား၏ လႈပ္ရွားမႈမ်ားကို ေထာက္လွမ္း၍ သတင္းအခ်က္အလက္မ်ားကို ေပးပို႕ေနေၾကာင္း သိရွိရသည္။

အဆိုပါ စပိုင္ေလယာဥ္မွာ ေတာင္ကိုးရီးယားရွိ အေမရိကန္စစ္ဦးစီးခ်ဳပ္ရံုးသို႕ အခ်က္အလက္မ်ား ပို႕ေဆာင္ေပးေနျခင္း ျဖစ္ျပီး ပင္လယ္ေရျပင္ အျမင့္ေပ ၇ ေသာင္းအထက္မွ ေန၍ ေျမာက္ကိုးရီးယား၏ လႈပ္ရွားမႈမ်ားကို မွတ္တမ္းတင္ေနျခင္း ျဖစ္သည္။

Dragon Lady ဟု အမည္ရသည့္ စပိုင္ေလယာဥ္အမ်ိဳးအစားသည္ အေမရိကန္၏ ထိပ္တန္းေထာက္လွမ္းေရး အဆင့္ျမင့္ ေလယာဥ္အမ်ိဳးအစားတစ္ခု ျဖစ္သည္။ သာမန္ ေလယာဥ္မ်ားထက္ အျမင့္ေပပိုမိုပ်ံသန္းႏုိင္ျပီး အဆင့္ျမင့္နည္းပညာမ်ားႏွင့္ ဆြဲအားေကာင္းေသာ ကင္မရာမ်ား တပ္ဆင္ထားသည့္ စပုိင္ေလယာဥ္အမ်ိဳးအစားျဖစ္ျပီး အစိတ္အပုိင္း တစ္ခုကို အေမရိကန္ေဒၚလာ ၂၅၀ မီလီယံ တန္ဖိုးရွိသည္။

ထို႕အျပင္ ေရဒါေပ်ာက္ နည္းပညာျဖင့္ ထပ္မံပံ့ပိုးထားျပီး မည္သည့္ ေရဒါစနစ္ကမွ Dragon Lady ကို ရွာေဖြ မေတြ႕ရွိႏုိင္ေၾကာင္း သိရွိရသည္။ ထုိ႕အျပင္ F-16 Fighter Jet ကပါ ထပ္မံပံ့ပိုးထားျပီး အဆိုပါ F-16 မွာ တစ္မိနစ္လွ်င္ ၁၆ မိုင္ ထိ ပ်ံသန္းႏုိင္ျပီး အေမရိကန္စစ္ဌာနခ်ဳပ္မွ တိုက္ခိုက္ရန္ အမိန္႕ခ်မွတ္ပါက စကၠန္႕ပိုင္းအတြင္း တိုက္ခိုက္ႏုိင္သည္ဟု ေၾကျငာထားသည္။

F16-Jet

ထို႕ေၾကာင့္ အေမရိကန္ႏွင့္ ေျမာက္ကုီးရီးယားႏွစ္ႏုိင္ငံအၾကား တင္းမာမႈ ထပ္မံျမင့္တက္လာႏိုင္ဖြယ္ရာရွိျပီး ေျမာက္ကိုးရီးယားကမူ ဒီကိစၥႏွင့္ပတ္သတ္၍ အေၾကာင္းတစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေခ်။

Unicode : အမေရိကန် စပိုင်လေယာဉ်မှ မြောက်ကိုးရီးယားနယ်မြေအနီးသို့ နီးကပ်စွာပျံသန်း၍ ထောက်လှမ်းမှုများ ပြုလုပ်

dragon-lady

မြောက်ကိုးရီးယားမှ အမေရိကန်ပိုင် ဂူအန်းသို့ ပစ်ခတ်မည့်အစီအစဉ်ဆိုင်းငံ့လိုက်၍ နှစ်နိုင်ငံ တင်းမာမှု အနည်းငယ် လောျ့သွားသော်လည်း တင်းမာမှုများမှာ ဆက်လက်၍ တည်ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန် စပိုင်လေယာဉ်မှ အချင်းပွားမှုများ မြင့်တက်နေသည့် ကိုးရီးယားကျွန်းဆွယ်အပေါ်မှ မြောက်ကိုးရီးယား၏ လှုပ်ရှားမှုများကို ထောက်လှမ်း၍ သတင်းအချက်အလက်များကို ပေးပို့နေကြောင်း သိရှိရသည်။

အဆိုပါ စပိုင်လေယာဉ်မှာ တောင်ကိုးရီးယားရှိ အမေရိကန်စစ်ဦးစီးချုပ်ရုံးသို့ အချက်အလက်များ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ပင်လယ်ရေပြင် အမြင့်ပေ ၇ သောင်းအထက်မှ နေ၍ မြောက်ကိုးရီးယား၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေခြင်း ဖြစ်သည်။

Dragon Lady ဟု အမည်ရသည့် စပိုင်လေယာဉ်အမျိုးအစားသည် အမေရိကန်၏ ထိပ်တန်းထောက်လှမ်းရေး အဆင့်မြင့် လေယာဉ်အမျိုးအစားတစ်ခု ဖြစ်သည်။ သာမန် လေယာဉ်များထက် အမြင့်ပေပိုမိုပျံသန်းနိုင်ပြီး အဆင့်မြင့်နည်းပညာများနှင့် ဆွဲအားကောင်းသော ကင်မရာများ တပ်ဆင်ထားသည့် စပိုင်လေယာဉ်အမျိုးအစားဖြစ်ပြီး အစိတ်အပိုင်း တစ်ခုကို အမေရိကန်ဒေါ်လာ ၂၅၀ မီလီယံ တန်ဖိုးရှိသည်။

ထို့အပြင် ရေဒါပျောက် နည်းပညာဖြင့် ထပ်မံပံ့ပိုးထားပြီး မည်သည့် ရေဒါစနစ်ကမှ Dragon Lady ကို ရှာဖွေ မတွေ့ရှိနိုင်ကြောင်း သိရှိရသည်။ ထို့အပြင် F-16 Fighter Jet ကပါ ထပ်မံပံ့ပိုးထားပြီး အဆိုပါ F-16 မှာ တစ်မိနစ်လျှင် ၁၆ မိုင် ထိ ပျံသန်းနိုင်ပြီး အမေရိကန်စစ်ဌာနချုပ်မှ တိုက်ခိုက်ရန် အမိန့်ချမှတ်ပါက စက္ကန့်ပိုင်းအတွင်း တိုက်ခိုက်နိုင်သည်ဟု ကြေငြာထားသည်။

F16-Jet

ထို့ကြောင့် အမေရိကန်နှင့် မြောက်ကီုးရီးယားနှစ်နိုင်ငံအကြား တင်းမာမှု ထပ်မံမြင့်တက်လာနိုင်ဖွယ်ရာရှိပြီး မြောက်ကိုးရီးယားကမူ ဒီကိစ္စနှင့်ပတ်သတ်၍ အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိချေ။

Leave a comment

Your email address will not be published. Required fields are marked *