အဲလ်ဘတ်အိုင်းစတိုင်းပြောတဲ့ ဘဝကိုပျော်ရွှင်အောင်နေနည်း

အဲလ်ဘတ်အိုင်းစတိုင်းဟာ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒဘာသာရပ်အတွက် နိုဗယ်ဆုရခဲ့ပါတယ်။ အဲ့ဒီဆုရပြီးနောက် သူဟာ ဂျပန်ကို စာသင်ကြားဖို့အတွက် ခရီးထွက်ခဲ့ပါတယ်။ Quartz ရဲ့ အစီရင်ခံစာက ပြောကြားချက်အရ သူဂျပန်ကို သွားခဲ့တာဟာ ငွေကြေးအတွက် တစ်ခုတည်းမဟုတ်ပဲ လူတွေကို လက်တွေ့ကျတဲ့ အကြံပေးစကား အနည်းအကျဉ်းလေး ပေးဖို့ ဆုံးဖြတ်ချက်ချပြီးတော့ သွားခဲ့တာပါ။

သူဟာ သေသွားခဲ့ပေမယ့် လက်ရှိအချိန်ထိ သူ့ရဲ့ စကားတွေက အသုံးဝင်ဆဲ့ပါပဲ။ များ မကြာသေးခင်က တိုကျိုက အင်ပီရီယယ် ဟိုတယ်တစ်ခုကနေ လူတွေ လက်ရှိဘဝမှာ ပျော်ပျော်နေတတ်ဖို့ အကြံပြုထားတဲ့ ၁၉၂၂ ကလက်ရေးမှုကို တွေ့ရှိရပါတယ်။

သူ့ရဲ့စကားကတော့ “မတည်မြဲတဲ့ ယောက်ယက်ခတ်စရာကောင်းလှတဲ့ ဘဝမှာ အောင်မြင်မှုနောက်လိုက်ရတာထက် တည်ငြိမ်ပြီးအပူအပင် မရှိတဲ့ ဘဝဟာ ပိုလို့တောင်ပျော်စရာကောင်းပါတယ်”တဲ့။

အိုင်းစတိုင်းရဲ့ နောက်ထပ် လက်ရေးမူတစ်ခုကို တစ်ချိန်တည်းမှာပဲ messanger ကနေလက်ခံရရှိခဲ့ပါတယ်။ သူပြောတဲ့ နောက်ထပ်အကြံပြုစကားတစ်ခွန်းကတော့ သင်တို့လည်းကြားဖူးပြီးသားဖြစ်မှာပါ။

“ ဆန္ဒတစ်ခုသာ ရှိပါ။ နည်းလမ်းဆိုတာ ပေါ်လာမှာပါ။” သူ့ရဲ့မှတ်စု တိုတွေကို သူနဲ့ဆက်စပ်မှုရှိတဲ့ မူလအစိုးရစာပို့သူက Winner house မှာ လေလံတင်ရောင်းချခဲ့ပါတယ်။ သူနဲ့တော်စပ်သူက အိုင်စတိုင်းဟာ မှတ်စုတွေကို ရေးရင်းနဲ့ ဒီလိုပြောခဲ့ပါတယ်။ “တစ်ကယ်လို့သင်သာကံကောင်းမယ်ဆိုရင် ဒီမှတ်စုတိုက အနာဂတ်မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထက် ပိုအဖိုးတန်လိမ့်မယ်လို့” ပြောခဲ့ပါတယ်။

သူ့စကားတွေက မှန်ပါတယ်။ သူ့ရဲ့ပထမ မှတ်စု ကို ဒေါ်လာ ၁၅၆၀၀၀၀ နဲ့ လေလံအောင်ခဲ့ပြီး ဒုတိယတစ်ခုကတော့ ဒေါ်လာ ၂၄၀၀၀၀ ထိရရှိခဲ့ပါတယ်။

 

Source: Lifehacker

Leave a comment

Your email address will not be published. Required fields are marked *