အမြင်ဆန်းသစ်ပြီး ဈေးနှုန်း ၆၉၅ ဒေါ်လာလောက်ရှိတဲ့ နှစ်ထပ် ဂျင်းဘောင်းဘီ

ကျွန်တော်တို့ လူသားသမိုင်းမှာ ဂျင်း တွေကို အကြမ်းခံမှုအတွက်ကြောင့်သော်လည်းကောင်း၊ အလှဝတ်ဆင်ဖို့အတွက်သော်လည်းကောင်း ၀တ်ဆင်လာကြပါတယ်။ အခုထွက်လာတဲ့ ဂျင်းဘောင်းဘီ ကတော့ အရင်ထွက်ပြီးသား ဂျင်း ဘောင်းဘီတွေထက် ပုံသဏ္ဍာန်လည်းကွဲပြားပြီး၊ အထူးအဆန်းလည်းဖြစ်နေပါတယ်။

ကမ္ဘာမှာ ဂျင်း ဘောင်း ဘီနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာဘာတွေဖြစ်လာပြီလဲ။ ပထမတော့ သူတို့တွေက ရွှံ့နဲ့လုပ်ထားတဲ့ ဂျင်းဘောင်းဘီကို ၄၂၅ ဒေါ်လာနဲ့ရောင်းပါတယ်။ အခုတော့ ဖြုတ်လို့ရ၊ တပ်လို့ရတဲ့ ဂျင်းကို တီထွင်လိုက်ပြီး ဒီအိမ်မက် ဟာ လက်တွေ့မှာတစ်ကယ်ဖြစ်လာပါတယ်။ အခုတော့ ဒီ ဂျင်းဘောင်းဘီကို online ဈေးကွက်မှာ ၀ယ်ယူလို့ရနေပါပြီ။

သူ့နာမည်ကတော့ အထက်မှာ ဆိုခဲ့ပြီးသလိုပဲ နှစ်ထပ်ဂျင်းဘောင်းဘီ လို့ခေါ်ပါတယ်။ အရင်တုန်းကထွက်ထားတဲ့ ခါးစည်းတစ်ခုတည်းနဲ့ ဂျင်းတွေဟာအခုခေတ်က မိန်းကလေးတွေအတွက် မလုံလောက်တော့ပါဘူး။ လန်ဒန်က လူတွေထဲကတစ်ယောက်ဖြစ်တဲ့ နာတာရှဇင်ကို က ခါးစည်းတစ်ခုထက်ပိုပါတဲ့ ဂျင်းဘောင်းဘီကို ရိုးရိုးဂျင်းဘောင်ဘီနဲ့ တွဲပြီးချုပ်ခဲ့ပါတယ်။

ဒီလိုကြီးမားတဲ့တီထွင်မှုတွေအတွက် ဈေးနှုန်းကလည်းကြီးမားပါတယ်။ ဈေးနှုန်းကတော့ ၆၉၅ ဒေါ်လာကျသင့်ပါတယ်။

ဘောင်းဘီရဲ့ အနောက်ဘက်ပိုင်းကလည်း အရမ်းကို ဆန်းကြယ်တဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားပါတယ်။ ဒီလို ဂျင်းဘောင်းဘီ ရှိတယ်ဆိုတာယုံရခက်ပေမယ့် ဒါကို ShopBop.com မှာရောင်းနေပါပြီ။ လူတွေက ဒါကိုဝယ်ပြီး ၀တ်တော့မယ့်ဆိုတာ ကျုပ်ရဲရဲကြီးအာမခံပါတယ်။

Source: Mashable

Published
Categorized as Tech

Leave a comment

Your email address will not be published.