အွန်လိုင်းပေါ်မှာ ဈေးဝယ်ရင် ဘာတွေမှားနိုင်သလဲ

လူတွေရဲ့နှုတ်ဖျားမှာ အွန်လိုင်းဆိုတာကြီးက ရေပန်းစားလာနေသလို အွန်လိုင်းပေါ်ကနေ ဈေးဝယ်တဲ့ အလေ့ အကျင့် တွေလည်း တိုးလာနေပါတယ်။ ခုဆိုရင် ရန်ကုန်စီးပွားရေးမြို့တော်ကို အခြေပြုပြီးရောင်းဝယ်ဖေါက်ကားနေကြတဲ့ အွန်လိုင်း မားကက်တင်းတွေ အတော်များလာနေပါပြီ။ ဘယ်သူမှ ခေတ်ကို မလွန်ဆန်နိုင်တဲ့အတွက် ခေတ်ရေစီးကြောင်း အတိုင်း တော့ လိုက်ပါစီးမျောရတာ သဘာဝပါပဲ။ ဒါဆိုရင် အွန်လိုင်းပေါ်မှာ ဈေးဝယ်တော့မယ်ဆိုရင် ဘာတွေမှား ယွင်း နိုင် သလဲဆိုတာ သတိပြုနိုင်ဖို့ တင်ပြပေးချင်ပါတယ်။
(၁) အရွယ်အစားကိုဂရုစိုက်ပါ။
အွန်လိုင်းပေါ်မှာ မိမိကြိုက်နှစ်သက်လို့ဝယ်လိုတဲ့ ပစ္စည်းကိုတွေ့ပြီဆိုရင် အွန်လိုင်းပေါ်ကပုံနဲ့ အပြင်မှာတကယ့် ပစ္စည်းရဲ့ စကေးအရွယ်အစားအတိုင်းအတာကို သေချာဂရုစိုက်မိဖို့ လိုအပ်ပါတယ်။ အွန်လိုင်းပေါ်ကနေ မှာယူပြီးမှ ရောက်လာတတ်တာတွေကတလွဲတစ်ချော်ဖြစ်နေတတ်တာကိုအောက်မှာဖေါ်ပြထားပါတယ်။
(၂) ဒီဇိုင်းပုံစံနဲ့ အရောင်ကို ဂရုစိုက်ပါ။
အွန်လိုင်းပေါ်မှာတော့ ဒီဇိုင်းလေးတွေက လန်းနေတဲ့အတွက် ကိုယ်က မှာယူလိုက်တယ်ဆိုပေမယ့် တကယ်ရောက် လာတဲ့ အချိန်မှာ ကိုယ်မှာတဲ့ ဒီဇိုင်းအတိုင်းဖြစ်မလာတာ၊ဒီဇိုင်းတူပေမယ့် အရောင်ကွဲ နေတာတွေ ဖြစ်တတ်ပါတယ်။
(၃)အတုအပတွေနဲ့ ရိုက်စားတွေကို ဂရုစိုက်ပါ။
ဒီခေတ်ကြီးမှာ အွန်လိုင်းရှော့ပင်းအတွက် ဝက်ဆိုက်တစ်ခုဆွဲဖို့ဆိုတာ၊facebook page တစ်ခုထောင်ဖို့ဆိုတာ၊ အောင်မြင်နေတဲ့ page တွေကို အတုအပလိုက်လုပ်ဖို့ဆိုတာ ဘယ်လောက်မှ ကြီးကျယ်တဲ့ အလုပ်မဟုတ်တော့ပါဘူး။ ဒီလိုအတုအပတွေထူထောင်ပြီး အွန်လိုင်းပေါ်က သူများပုံလှလှလေးတွေ၊ဒီဇိုင်းလှလှလေးတွေနဲ့ ဆွဲဆောင်ပြီး တစ် နပ်စာလုပ်စားနေကြတာဟာ အွန်လိုင်းခေတ်ကြီးမှာ အလုပ်တစ်ခုလို ဖြစ်လာနေပါပြီ။ ဒါကြောင့် မိမိဝယ်ယူမယ့် အွန် လိုင်းလုပ်ငန်းဟာ တရားဥပဒေနဲ့အညီလုပ်ကိုင်တဲ့ အမှန်အကန်လုပ်ငန်း ဟုတ်မဟုတ် သေချာစီစစ်ဖို့ လိုပါတယ်။
(၄) ငွေပေးချေမှုကို ဂရုစိုက်ပါ။
ဈေးရောင်းဈေးဝယ်လုပ်တဲ့ အခါ မိမိရဲ့ ငွေကြေးဆိုင်ရာ လျှို့ဝှက်ချက်တွေ အပြင်ကို မပေါက်ကြားဖို့၊ လုံခြုံ စိတ် ချရဖို့ ကိစ္စဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိမိစိတ်ကြိုက်ငွေပေးချေမှုပုံစံကို ရွေးချယ်ဝယ်ယူတတ်ဖို့ လိုပါတယ်။
ကဲ၊ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးမှာ တိုးတက်မှုနောက်ကို လိုက်ပါနိုင်ဖို့ဆိုတာ အစဉ်အမြဲ လေ့ လာသင်ယူနေဖို့ လိုတယ်ဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ အချိန်ကုန်သက်သာပြီး အွန်လိုင်းကို စနစ်တကျ အသုံး ချတ တ်မယ်ဆိုရင် အွန်လိုင်းရှော့ပင်းဟာ ဝယ်ယူစားသုံးသူတွေအတွက် တကယ်ကို အကျိုးများ ပါကြောင်း တင်ပြလိုက်ပါ တယ်။

Photos credits

Leave a comment

Your email address will not be published. Required fields are marked *