ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးစံချိန်ကို ထပ်မံတင်လိုက်နိုင်တဲ့ ရော်နယ်ဒို

ရီးရဲ မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုသည် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယခင်နှစ်က ၁၆ဂိုးသွင်းယူခဲ့ပြီး တစ်နှစ်အသွင်း ဂိုးသွင်းအများဆုံး စံချိန်ကိုတင်ခဲ့ပါတယ်။အဆိုပါစံချိန်ကို ယခုနှစ် ၂၀၁၇ ခုနှစ်တွင် တစ်နှစ်အတွင်း ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီးဖြစ်သောကြောင့် ယခင်နှစ်က စံချိန်ကို ထပ်မံတင်လိုက်နိုင်ပြီးဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိပြီးဖြစ်တဲ့ ရောနယ်ဒိုဟာ လက်ရှိတွင် ၁၇ဂိုးသွင်းထားနိုင်ပြီး လက်ကျန် အုပ်စုပွဲစဉ် ၂ ပွဲကျန်ရှိနေသေးတာကြောင့် လက်ကျန်ပွဲတွေမှာ ဂိုးတွေထပ်သွင်းပြီး ဘယ်လိုစံချိန်တွေ ထပ်တင်နိုင်မလဲဆိုတာတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *