ဥရောပသမဂ္ဂက ဗင်နီဇွဲလား ရွေ့ပြောင်းလုပ်သားများအား ယူရို သန်း30 ထောက်ပံ့

စက်တင်ဘာလ (၁၂)ရက် ကြာသပတေးနေ့က ဥရောပသမဂ္ဂမှAndean ဒေသသို့ ပြောင်းရွေ့လာကြသော ဗင်နီဇွဲလား မှ ဒုက္ခသည် ရွေ့ပြောင်းလုပ်သားများကို ကူညီထောက်ပံ့ပေးရန်အတွက် ယူရို သန်း30 ကို ($33 million) Colombia သို့ပေးအပ်ခဲ့ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဌာန၏ အကြီးအကဲ Federica Mogherini ၏ ပြောပြချက်အရ သိရပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဌာန၏ အထူးကိုယ်စားလှယ်Mogherini ကလည်း Colombia သမ္မတ Ivan Duque နှင့်အတူပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ရွေ့ပြောင်းလုပ်သားများအား မှတ်ပုံတင်ခြင်းနှင့် လူမှု စီး ပွားရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် Colombia အား ယူရို သန်း30 ($33 million) ပေးအပ်ခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဥရောပသမဂ္ဂဟာ အခုလိုမျိုး ရွေ့ပြောင်းလုပ်သားများအား စောင့်ရှောက် ဖို့အတွက် အကူအညီလိုအပ်နေသော နိုင်ငံများကို ထောက်ပံ့ပေးတာ ယူရို သန်း130 million ရှိပြီးဖြစ်ကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။

ဗင်နီဇွဲလားမှ ပြောင်းရွေ့လာကြသော ရွေ့ပြောင်းလုပ်သားများဟာ 4 သန်း ကျော်ရှိနေပြီး Colombia သို့ ရောက် လာတဲ့ ရွေ့ပြောင်းလုပ်သားတွေကတော့ 1.4 သန်း လောက်ရှိကာ အများစုဟာ ပိုက်ဆံအနည်းငယ်သာပါတဲ့ လူများ နှင့် ကျန်းမာရေးအကူအညီလိုအပ်နေသူတွေ ဖြစ်ကြပါတယ်။ Colombia ဟာ ၎င်းရွေ့ပြောင်းလုပ်သားများနှင့် ပတ်သက်ပြီး စည်းကြပ်တဲ့ ဥပဒေတစ်ခုမှ မထားပဲအားလုံးကို လက်ခံကူညီပေးတဲ့ နိုင်ငံပဲဖြစ်ပါတယ်။ ထို့ကြောင့် ထိုရွေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်မှုပေးနိုင်ဖို့ ထောက်ပံ့မှု အစဉ်အမြဲလိုအပ်နေတဲ့ နိုင်ငံလည်း ဖြစ်ပါ တယ်။ သမ္မတ Ivan Duque ကလည်း ပြီးခဲ့တဲ့ လကရွေ့ပြောင်းလုပ်သားများထဲမှ မွေးဖွာလာသော ကလေးငယ် ပေါင်း 24,000 ကျော်ကို နိုင်ငံမဲ့သူများမဖြစ်စေရန်အတွက် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးခဲ့တယ် လို့သိရပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published.