ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပြီးနောက်ပိုင်းကာလအတွက် ဗြိတိန်နဲ့ တောင်ကိုရီးယားတို့ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူစာချုပ်ချုပ်ဆို

ဥရောပသမဂ္ဂ EUမှ ဗြိတိန်ထွက်ပြီးနောက်ပိုင်းကာလအတွက် ဗြိတိန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံရဲ့ လွတ်လပ်တဲ့ ကုန်သွယ် ရေး သဘောတူစာချုပ်ကို ဇွန်လ ၁၀ရက်နေ့ကချုပ်ဆိုခဲ့ပါတယ်။ ၎င်းစာချုပ်အရ ဗြိတိန်ဟာ အောက်တိုဘာ လ အကုန်တွင် EU မှ သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လုံးဝအပြီးပိုင်ခွဲထွက်မယ်ဆိုတဲ့ သဘောကို သက်ရောက်နေတာ တွေ့ရပါတယ်။ဗြိတိန်ဟာ ၂၀၁၆ခုနှစ်ကတည်းက EU မှခွဲထွက်ရန်ကြိုးစားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော် ကြား ဝင်ဖြန်ဖြေရေး အဖွဲ့တွေကြောင့် အပြီးအပိုင်ခွဲထွက်ခွင့်မရပဲ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ် ပေါင်း (၄၀) လောက် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက EU နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်နေခဲ့တာဖြစ်ပါတယ်။ သို့သော် ယခု ဗြိတိန် နဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်ဟာ EU နိုင်ငံတွေနဲ့ ၂၀၁၁ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တန်ဖိုးထက် (၂)ဆ ပိုများ တယ်လို့သိရပါတယ်။ သူတို့ရဲ့ စာချုပ်ဟာ အောက်တိုဘာလတွင် အချောသပ်ချုပ်ဆိုမှာဖြစ်ပြီး နိုဝင်ဘာလမှစပြီး အ သက်ဝင်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ အများအားဖြင့်ကားများနှင့် သင်္ဘောများကို ဗြိတိန်သို့တင်ပို့နေတာဖြစ်ပြီး ရေနံစိမ်းများ၊ ကားများ နှင့် ဝီစကီများကို ပြန်လည်တင်သွင်းနေတာဖြစ်ပါတယ်။ ထို့အပြင် တောင်ကိုရီးယားဟာ အာရှမှာ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် အီလက်ထရွန်နစ်ပစ္စည်း၊ သံမဏိ နဲ့ ကားထုတ်လုပ်တဲ့ လုပ် ငန်းတွေကို ဦးဆောင်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဗြိတိန်ဟာလည်း တောင်ကိုရီးယား နှင့် ကုန်သွယ်မှုပြုလုပ်နေတဲ့ EU နိုင်ငံ တွေထဲမှာ ဒုတိယ အကြီးဆုံးဖြစ်ပြီး အာရှနိုင်ငံတွေမှာတော့ အဆင့်(၁၈)မြောက်အကြီးဆုံး ကုန်သွယ်ရေး နိုင်ငံ ဖြစ်ပါ တယ်။

ထိုသို့ ကုန်သွယ်ရေးလောကရှိ အင်အားကြီး(၂)နိုင်ငံက တစ်ဦးနှင့်တစ်ဦး လွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ်ကို ချုပ် ဆိုခြင်း အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလောကမှာ ပိုမိုအင်အားကြီးလာနိုင်တာဖြစ်ပါတယ်။ဗြိတိန်ဟာ တောင်ကိုရီးယား အပြင် အစ္စရေး၊နော်ဝေး၊အိုက်စလန်၊ဆွစ်ဇာလန်နဲ့ ချီလီအစရှိတဲ့ နိုင်ငံပေါင်း (၁၂)နိုင်ငံနှင့်လည်း ကုန်သွယ်ရေး စာ ချုပ်တွေ ချုပ်ဆိုထားတာဖြစ်ပါတယ်။ဗြိတိန်ဟာ အောက်တိုဘာလအပြီးတွင် EU ခွဲထွက်မယ်ဆိုရင် EU နိုင်ငံများနှင့် အခြားနိုင်ငံ တို့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအားလုံးဟာ အလိုအလျှောက်ပျက်စီးသွားမှာဖြစ်သလို ဗြိတိန်ရဲ့ ၁၁%သော ကုန်သွယ် ရေးဟာလည်း ထိခိုက်နစ်နာမှုတွေဖြစ်ပွားသွားမှာဖြစ်ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ပြီး EU နိုင်ငံ မှ ခွဲထွက်မယ့် ဗြိတိန်ရဲ့ ရည်ရွယ်ချက်ကတော့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *