ဦးကိုနီနှင့် ဦးနေဝင်းတို့၏ နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့

၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း NLD ပါတီ၏ ဗဟိုဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခြင်းခံရဲ့ရတာ လူတိုင်းသိကြပါတယ်။ ထိုလုပ်ကြံမှုတွင် ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သော တက္ကစီယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်သမား ကြည်လင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူတို့ နှစ်ဦးကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားနှင့် တရားမျှတမှု၏ ဘက်တော်သားများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခမ်းမတွင် သေဆုံးသွားခဲ့သူ ဦးကိုနီနှင့် ဦးနေဝင်းတို့အတွက် နှစ်ပတ်လည် အခမ်းအနားပွဲကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာပေးပို့ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သဝဏ်လွှာထဲမှာပါဝင်တာကတော့ “သူတို့နှစ်ဦးကို ပြည်သူအများစုက တန်ဖိုးထားလေးစားကြပါသည်။  သေသောသူ ကြာရင်မေ့ ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို ပြည်သူ အများစုက မမေ့ကြပါ” လို့ ပါရှိပါတယ်။

နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ လုပ်ဖော် ကိုင်ဖက်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။ ထိုပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ် က “အကြောင်း မတိုက်ဆိုင်လို့ ဦးနေဝင်းနဲ့ ပတ်သက်လို့ အများကြီး မသိထားခဲ့ရပါဘူး။ သူ့ရဲ့ သူရဲကောင်း ဆန်တဲ့ ဒီလုပ်ရပ် အတွက်တော့ ကျွန်တော်အများကြီး ကြားခဲ့ရပါတယ်။ ကျွန်တော်သိခဲ့တဲ့ ဦးကိုနီဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာရေး အတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ယောက်ပါ” ဟု ပြောကြားခဲ့ပါတယ်။

လုပ်ကြံမှုတွင် ပါဝင်ခဲ့သော  သေနတ်သမား ကြည်လင်းနှင့် အတူ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး တို့ကို ဖမ်းဆီးထားပြီး ရုံးတင်စစ်ဆေးခဲ့တာ တစ်နှစ်ကြာခဲ့သော်လည်း အခုအထိစွဲချက်တင်နိုင်ခြင်းမရှိသေးသည့်အပြင် တရားခံဟုယူဆရသူ ဦးအောင်ဝင်ခိုင်လည်း ထွက်ပြေးလွတ်မြောက်နေတာဖြစ်ပါတယ်။

ပွဲကျင်းပရေး ကော်မတီမှ ကိုထွန်းကြည် က ဒီအမှုနဲ့ပတ်သက်လို့ မြေပြင် အခြေအနေက အားရကျေနပ်ဖွယ် မရှိပါဘူး။ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကြဖို့ အရေးကြီးကြောင်း နှစ်ပတ်လည်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ဟာ ဦးကိုနီနဲ့ ဦးနေဝင်တို့အတွက် အမှန်တရားနှင့် တရားမျှတမှုကို တောင်းဆိုရန်ဖြစ်ပြီး ၎င်းတို့၏စိတ်ဓာတ်နှင့် လုပ်ရပ်ကို စံထားကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *