ဦးနှောက်အစားထိုးခြင်း၏ ပထမခြေလှမ်း အောင်မြင်

အီတလီနိုင်ငံမှ နာမည်ကျော် ခွဲစိတ်အထူးကု ဆရာဝန် ဆာဂျီယို ကာနာဗီရိုသည် သူ၏အဓိကပန်းတိုင်ဖြစ်သော လူသားဦးနှောက်အစားထိုး လဲလှယ်မှု၏ ပထမခြေလှမ်းအဖြစ် ဦးခေါင်းအစားထိုး လဲလှယ်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ထိုခွဲစိတ်မှုသည် ကမ္ဘာ့ပထမဆုံးဖြစ်ပြီး သမိုင်းမှာ မှတ်တမ်းတင်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ခွဲစိတ်မှုတွင် ဒေါက်တာ ကာနာဗီရိုနဲ့ အတူ ဟာဗင်းဆေးတက္ကသိုလ်မှ တရုတ်လူမျိုး ဒေါက်တာ ရှောင်ပင်းရန်လည်းပါဝင်ခဲ့ပါတယ်။သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာ ကျင့်ပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာကာနာဗီရိုဟာ သေပြီးသားအလောင်းဆီမှ ဦးခေါင်းကိုယူပြီး သူ့လူနာရဲ့ ကိုယ်ခန္ဓာနဲ့ ချိတ်ဆက်ခဲ့တာလို့ ကြေငြာခဲ့ပါတယ်။ဦးခေါင်းအသစ်ကို တစ်ဘက်ကိုယ်ခန္ဓာအသစ်ထဲမှာ အာရုံကြောမကြီးများ၊သွေးကြောများနဲ့ အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အစပိုင်းတွင်ခွဲစိတ်မှုကို အမေရိကန် သို့မဟုတ် ဥရောပတစ်နိုင်ငံမှာ လုပ်ဖို့ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှာပြုလုပ်ခဲ့ရပြီး တရုတ်အစိုးရနဲ့ သူ့ပါတနာ ရှောင်ပင်ရန်တို့ ကူညီပေးမှုများကြောင့် ယခုလိုအောင်မြင်ခဲ့တာလို့ဆိုခဲ့ပါတယ်။ခွဲစိတ်မှုဟာ စုစုပေါင်း ၁၈နာရီ ကြာခဲ့တယ်လို့ ဒေါက်တာ ဆာဂျီရိုကာနာဗီရိုကပြောခဲ့ပါသည်။

ဒေါ်တာ ကာနာဗီရိုနဲ့အတူ ခွဲစိတ်မှုတွင်ပါဝင် လက်တွဲခဲ့သော ဒေါက်တာ ရှောင်ပင်းရန်သည် ၂၀၁၄ခုနှစ်မှာ ကြွက်တစ်ကောင်၏ ဦးခေါင်းလဲလှယ်မှုဆိုင်ရာ စာတမ်းတစ်ဆောင်တင်ခဲ့သူလဲဖြစ်နေပါတယ်။

ယခုဦးခေါင်းလဲလှယ်မှု မပြုလုပ်ခင်ကပင် ခွေးများ၊မျောက်များ၏ ဦးခေါင်းလဲလှယ်မှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ဒေါက်တာကာနာဗီရိုနဲ့ အဖွဲ့ကဖော်ပြထားပါတယ်။

Leave a comment

Your email address will not be published.