ဦးလှမျိုးကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်ရန် အတည်ပြု

ဧရာဝတီတိုင်းတွင် လစ်ဟာနေသော ဝန်ကြီးချုပ်နေရာကို အသက်(၅၃)နှစ် အရွယ်ရှိတဲ့ မြန်အောင် မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင် အား ခန့်အပ်ရန် ဇန်နဝါရီလ ၁၈ရက်နေ့မှာ ဧရာဝတီတိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဦးလှမျိုးအောင်ဟာ စိုက်ပျိုးရေး တက္ကသိုလ်မှဘွဲ့ရထားသူတစ်ဦးဖြစ်ပြီး တိုင်းလွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးရာ ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် ဦးလှမျိုးအောင် ပြောတာကတော့ သူဟာ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေကို တိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး အခွန်အသစ်တွေကိုလည်း ကောက်ခံသွားမှာ ဖြစ်သလို အခွန်ရှောင်တွေကိုလည်း ရှာဖွေသွားမယ်လို့လည်း ပြောကြားပါတယ်။

ဧရာဝတီတိုင်းဒေသ အတွင်းရှိ သိမ်းဆည်းထားတဲ့ မြေတွေကိုလည်း ပိုင်ရှင်အမှန်များလက်ထဲသို့ ပြန်လည်ရောက်အောင် ကြိုးစာသွားမှာဖြစ်ပြီး အခွန်တွေကို ပြည်သူတွေထံ စနစ်တကျ သုံးနိုင်အောင်လည်း ဆောင်ရွက်သွားမယ်လို့ ဦးလှမျိုးအောင်မှ ပြောကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *