ဧပြီလဖွားတို့၏ ထူးခြားတဲ့ စရိုက်လက္ခဏာများ

ဆန်းသစ်မြန်မာပရိတ်သတ်ကြီးအတွက် ဧပြီလဖွားသူတွေရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာတွေကို ဖေါ်ပြပေးသွားပါမယ်။ ပရိတ်သတ်ကြီးအနေနဲ့ ဂျာမဏီက ဖက်ဆစ်ဟစ်တလာ၊တတိယမြောက် အမေရိကန်သမ္မတ သောမတ်ဂျက်ဖာဆင်၊ ဗြိတိန်က ဒုတိယမြောက် အယ်လီဇဘတ်ဘုရင်မကြီး၊ ဟောင်ကောင်က ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်းစတဲ့ ကမ္ဘာ ကျော်ပုဂ္ဂိုလ်တွေကို သိကြပါလိမ့်မယ်။ နောက်ထပ်ကျော်ဇောထင်ရှားတဲ့ ဧပြီလဖွားတွေ အများအပြားရှိပါ သေးတယ်။ သင်လည်းဧပြီလဖွားဖြစ်ချင်ဖြစ်နေမှာပါ။ ဒီဧပြီလဖွားတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတစ်ချို့ကို ဖေါ်ပြပေး လိုက်ပါ တယ်။
(၁) လွတ်လပ်စွာနေလိုပြီး အရှူံမပေးတတ်ဘူး။ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ဘဝကိုရှင်သန်တတ်ကြပါတယ်။
(၂)ထိရှလွယ်သူတွေဖြစ်ကြတယ်။နှလုံးသားအလိုကိုလိုက်တတ်ကြပေမယ့် ဦးနှောက်နဲ့ တွဲပြီး ဆုံးဖြတ်တတ်ကြပါ တယ်။
(၃)အခက်အခဲတွေနဲ့ပြသနာတွေကိုမကြောက်တတ်ဘူး။ခရီးသွားရတာကိုဝါသနာပါတတ်တယ်။
(၄) အသစ်အဆန်းတွေကို သိလိုစိတ်ပြင်းပြကြတယ်။
(၅) စိတ်မရှည်တတ်ကြဘူး။စောင့်ဆိုင်းရတာမျိုးကို မကြိုက်ကြဘူး။
(၆)မိတ်ဆွေကောင်းပီသသူတွေဖြစ်ပြီးမိတ်ဆွေတွေနဲ့ဝိုင်းဝိုင်းလည်နေတတ်တယ်။
(၇) ရိုးသားဖြောင့်မတ်ပြီး ကတိစကားကို တန်ဖိုးထားတတ်ကြတယ်။
(၈) တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေတတ်ကြတယ်။
(၉) ဟာသဉာဏ်ရှိပြီး ပျော်ပျော်နေတတ်ကြတယ်။
(၁၀)သူတပါးကိုစိတ်ဓါတ်တက်ကြွစေတဲ့စကားတွေပြောပြီးကူညီတတ်တယ်။
(၁၁) ချစ်မိပြီဆိုရင် နက်နက်နဲနဲချစ်တတ်ကြတယ်။
(၁၂) မကောင်းမြင်သူတွေကို ရှောင်ပြီး အကောင်းမြင်တတ်သူတွေကို ရွေးပေါင်းတတ်တယ်။
(၁၃)အချစ်ကြီးသလောက်အမျက်ကြီးတတ်တဲ့အတွက် သူ့အပေါ်သစ္စာဖေါက်သူတွေအတွက် အဆိုးဝါးဆုံးရန်သူ ဖြစ် တတ်တယ်။
ဧပြီဖွားတို့ရဲ့ စရိုက်လဏ္ခာတွေကို ချုပ်လိုက်ရင် ဘဝခရီးအတွက် အောင်မြင်တိုးတက်သူတွေသာ ပိုင်ဆိုင်တတ်တဲ့ အရည်အသွေးတွေကို တွေကြရမှာ ဖြစ်ပါတယ်။ မကြာခင် ဧပြီကို နှုတ်ဆက်တော့မှာမို့ ဧပြီလဖွားတွေအတွက် အမှတ်တရလေးတင်ဆက်လိုက်ရတာပါ။

Leave a comment

Your email address will not be published. Required fields are marked *