ဧရာဝတီတိုင်းဒေသကြီးတွင် လစ်ဟာသွားသော ဝန်ကြီးချုပ်ပြန်လည်ခန့်အပ်ရေးအတွက် အရေးပေါ်အစည်းအဝေးခေါ်ယူ

လာမယ့် ဇန်နဝါရီလ ၁၅ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှာ လစ်ဟာသွားတဲ့ ဝန်ကြီးချုပ်နေရာကို ပြန်လည်အစားထိုးရန်အတွက် အရေးပေါ်အစည်းအဝေး တစ်ရက်ကို ဇန်နဝါရီလ ၁၀ရက်နေ့က ခေါ်ယူခဲ့ပါတယ်။

ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန်အတွက် နိုင်ငံတော်သမ္မတမှ အဆိုပြုလာတာတွေကို တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ စိစစ်အတည်ပြုမှုတွေကို ပြုလုပ်ပေးရန်အတွက် လွှတ်တော်ကို အမြန်ခေါ်ယူရတာဖြစ်ကြောင်းကို လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် ပြောပြမှုအရသိရပါတယ်။

ဇန်နဝါရီလ ၁၀ရက်နေ့မှာပဲ ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး တို့ကို ရာထူးကနေ ဆန္ဒအလျောက်နုတ်ထွက်ခွင့် ပြုကြောင်း နိုင်ငံတော် သမ္မတရုံမှ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရပါတယ်။

လစ်ဟာနေသော ဝန်ကြီးချုပ်နေရာအတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းကာလတွင် တစ်ဦးတည်းသော NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ၊ ယခုလက်ရှိမှာ ရေကြည်မဲဆန္ဒနယ် အမှတ်(၂)မှ အနိုင်ရရှိပြီး လူမှုရေးဝန်ကြီးဖြင့် တာဝန်ယူထားတဲ့ ဒေါက်တာလှမြတ်သွေးကို ခန့်အပ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *